သတင်းများ

မိုင်းယန်းမြို့၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ
Jan 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင် ၊မိုင်းယန်းမြို့နယ်တွင် ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဇန်နဝါရီ ၂၈ ရက် နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ ဆေးရုံ၌ ပထမအကြိမ်စတင်ထိုးနှံပေးခဲ့သည်။
ကော့သောင်းမြို့တွင် အလုပ်သမားအခွင့်အရေးဆိုင်ရာ ရက်တိုသင်တန်းပို့ချ
Jan 28,2021
ကော့သောင်းမြို့နယ်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုနှင့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) တို့ ပူးပေါင်းကာ အလုပ်သမားအခွင့်အရေးရက်တို့သင်တန်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ငါးသုံး လုံးတောင်ကုန်းပညာရွှေစင်ဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည်။
ကျိုက်ဒုံမြို့တွင် ရော်ဘာအစေးခြစ်ခြင်း စာတွေ့၊ လက်တွေ့ သင်ကြားပြသ
Jan 28,2021
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ အိမ်ဆိုင်ကျေးရွာတွင် ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဖွင့်လှစ်သော ရော်ဘာအစေးခြစ်ခြင်းသင်တန်းတွင် ရော်ဘာအစေးခြစ်နည်း ဘာသာရပ်များကို ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုပြည်နယ် ဦးစီးမှူး ဒေါ်ခင်သီနွယ်နှင့်မြို့နယ်၊ မြို့စိုက်ပျိုးရေးဝန်ထမ်းများ၊ သင်တန်းဆရာများက စာတွေ့၊လက်တွေ့သင်ကြား ပြသလျက်ရှိပါသည်။
မက်မန်းမြို့နယ်၌ ကျန်းမာရေး ဝန်ထမ်းများအား COVID -19ကာကွယ်ဆေးထိုးနှံပေး
Jan 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင်၊ ဇန်နဝါရီလ (၂၈)ရက်နေ့ နံနက်(၉)နာရီ အချိန်က စတင်ပြီး ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ကျန်းမာရေးဝန်ထမ်းများ စတင် ထိုးနှံ
Jan 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမ အကြိမ်) စတင်ထိုးနှံခြင်းကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများအား ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက ပြည်သူ့ ဆေးရုံရှိ နှစ်ထပ်ဆောင်၌ စတင်ထိုးနှံကြသည်။
ကလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေး
Jan 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဝန်ထမ်း များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ( COVISHIELD ) ထိုးနှံခြင်းကို ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၈နာရီအချိန်ခန့်က မြို့နယ်ကျန်းမာရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ ၌ စတင်ထိုးနှံပေး ခဲ့ကြောင်း သိရှိရသည်။
နမ့်ဆန်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား (ပထမ)ဆုံးအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 28,2021
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်းရှိ ကျန်းမာရေး ဝန်ထမ်း များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ပထမ)ဆုံးအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် ပြုလုပ်သည်။
မိုင်းဆတ်မြို့၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး
Jan 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမ အကြိမ်အဖြစ် ယနေ့နံနက် (၈)နာရီခွဲက စတင်ထိုးနှံ ပေးခဲ့ ကြောင်းသိရ သည်။