Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
စတုံးကျေးရွာအုပ်စု၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား ထပ်တိုးအိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်
Jan 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ် စတုံးကျေးရွာအုပ်စု၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်း ချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား ထပ်တိုး အိမ်ထောင် စုများအတွက် ထောက်ပံ့ ငွေပေးအပ်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ယမန်နေ့မွန်းလွဲ(၁)နာရီက ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စတုံးကျေးရွာအုပ်စု၊ မယ်ကြုတ်(၁)ကျေးရွာ၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များ အသိပညာပေးခြင်း ဆောင်ရွက်
Jan 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီက စတုံးကျေးရွာအုပ်စု၊ မယ်ကြုတ်(၁) ကျေးရွာခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ထာငိုကျေးရွာရှိ ရွက်ပုန်းသီးကော်ဖီစက်ရုံမှ ပင်လောင်းမြို့နယ် ကျေးရွာအသီးသီးမှ ထွက်ရှိသော ကော်ဖီစေ့များ ဝယ်ယူမှုကြောင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ရရှိ
Jan 28,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ကျေးရွာ အသီးသီးမှ ထွက်ရှိသော ကော်ဖီစေ့များကို ထာငိုကျေးရွာရှိ ရွက်ပုန်းသီးကော်ဖီ စက်ရုံ(Behind the Leaf)က ဝယ်ယူ၍ ပင်လောင်းမြို့နယ်၊ ဖြူးရှားရွာတွင် ဒေသခံများခေါ်ယူ၍ အခြောက် လှန်းနေကြသဖြင့် ဒေသခံများ တစ်ပိုင်တစ်နိုင်ရရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ကြေးငွေပေးအပ်
Jan 28,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာအုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များကို အာဟာရပြည့်ဝသော အစားအစာများ စားသုံးရန်နှင့် ကျန်းမာသန်စွမ်းသော ကလေးငယ်များ မွေးဖွားစေရန် ရည်ရွယ်၍ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်တွင် တာဝန်ရှိသူ များတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်း
Jan 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ် ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ချပြရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းက လွယ်ဆေးကျေးရွာအုပ်စုများ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံတော်မှ ထောက်ပံ့သော ထောက်ပံ့ငွေများကို ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ကျေးရွာအရောက် ကွင်းဆင်းထောက်ပံ့
Jan 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် Covid-19 ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုး အိမ်ထောင်စုများ စားသောက်ရေးအဆင်ပြေစေရေးအတွက် နိုင်ငံတော်မှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂ သောင်းနှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိရာ ဇန်နဝါရီ ၂၈ ရက် နံနက် ၁၀ နာရီခန့်က နောင်ကျောကျေးရွာအုပ်စုနှင့် တောင်ရှေ့ကျေးရွာအုပ်စုတို့ရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများထံသို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲပြုလုပ်
Jan 28,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေးအတွက် လုပ်ငန်းများ သုံးသပ် ဆွေးနွေးခြင်း ကို ယနေ့နံနက် (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ထမ်း (၁၅၀)ဦးကျော်ကို ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 28,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြည့်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ထမ်း အယောက်(၁၅၀)ကျော်ကို ယနေ့ နံနက် (၉)နာရီအချိန်ခန့်က စတင်ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း နမ္မတူမြို့နယ်၊ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သူထက်ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29004
Page
29005
Page
29006
Page
29007
Current page
29008
Page
29009
Page
29010
Page
29011
Page
29012
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department