ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားသည့် ရထားများ ပြန်လည်ပြေးဆွဲလျက်ရှိ

အုတ်ဖို ဖေဖော်ဝါရီ ၅

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းလာပြီဖြစ်သည့်အတွက် ခရီးသွားပြည်သူများ သွားလာမှု လွယ်ကူအဆင်ပြေစေရန်အတွက် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၅ ၇က်နေ့မှ စတင်၍ ရပ်နားထား သည့် ရထားများမှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စတင်၍  ပြန်လည် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

သာယာဝတီခရိုင်၊ အုတ်ဖိုဘူတာကို ကြည့်မြင်တိုင်-ပြည် (၆၃)အဆန် စာပို့ရထားမှာ နေ့လယ် ၂ နာရီ ၂၀ မိနစ်က ဆိုက်ရောက်ခဲ့ပြီး ရန်ကုန်-ပြည် (၇၁) အဆန် အမြန်ရထားမှာ ညနေ ၅ နာရီ ၅၀ အချိန်က ဆိုက်ရောက်ခဲ့တာဖြစ်ကြောင်း ယနေ့မှာတော့ ရထားအစုံ ရှိမည် ဖြစ်ကြောင်း၊ ယနေအထိ အခြေအနေအရ ခုမှ စထွက်တာလဲဖြစ်တာကြောင့် ခရီးသွားပြည်သူ နည်းပါးနေသေးကြောင်း အုတ်ဖို ဘူတာရုံ ပိုင်ကြီး ဦးစိုးနိုင်က ပြောပါတယ်။

ရထားများ ပြန်လည်ပြေးဆွဲရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ထားရှိကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)