ဇီးကုန်း ဖေဖော်ဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာနှစ်ဦးသည် ကျန်းမာရေးကောင်းမွန်လာသဖြင့် ယနေ့ နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါလူနာနှစ်ဦးသည် ဇန်နဝါရီလ (၂၆)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လည်ဝင်ရောက်လာ ခဲ့ရာ COVID-19 antigen test kids ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ၍ မြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်ခန်းတွင် ထားရှိကုသခဲ့ရာ ကျန်းမာရေး ကောင်းမွန် လာသဖြင့် ယနေ့ နံနက်တွင် ဆေးရုံမှဆင်းခွင့် ပြုခဲ့ပြီး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ နေအိမ်တွင် Home Quarantine တစ်ပတ် နေထိုင်စေခဲ့ ကြောင်းနှင့် မေတ္တာရှင်နာရေးကူညီမှုအသင်းမှ နေအိမ်အရောက် ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
ဇီးကုန်းမြို့နယ်တွင် ယနေ့အထိ ပိုးတွေ့သူ စုစုပေါင်း(၇၉)ဦးရှိခဲ့ပြီး၊ (၇၇)ဦးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့် ပြုခဲ့ပြီ ဖြစ်ကြောင်း၊ ကင်ဆာရောဂါအခံရှိသူတစ်ဦး သေဆုံးခဲ့ကြောင်းနှင့် တစ်ဦး သာဆေးရုံ သီးသန့်လူနာခန်းတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)