မယ်စဲ့ ဖေဖော်ဝါရီ ၅
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဒေသခံပြည်သူများ မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ဗဟုသုတရရှိစေရန် ရည်ရွယ်ကာ မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဆွးနွေးပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စောဝတ်ရည်က ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဖြိုးမြတ်သူက မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး တစ်အိမ်တက် တစ်အိမ်ဆင်း စစ်ဆေးဆောင်ရွက်မှု၊ စက်သုံးဆီဆိုင်များ စစ်ဆေးဆောင်ရွက်မှု၊ တောမီးမှတစ်ဆင့် မြို့ပြအိမ်ရာများကို ကူးစက်မှုမရှိစေ ရေး ပြည်သူများအား ဟောပြောပွဲများ ဆွေးနွေးဆောင်ရွက်မှု၊ တောမီးဖြစ်ပေါ်လာပုံ၊ တောမီးလောင် ကျွမ်းခြင်း ဆိုးကျိုးများနှင့် တောမီးကြိုတင်ကာကွယ်ရေး နည်းလမ်းတို့ကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရေးဆွေးနွေးကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)