သတင်းများ

ဟိုပန်မြို့၌ ဌာနဆိုင်ရာနှင့် ဒေသခံပြည်သူများအား COVISHIELD ကာကွယ်ဆေးစတင်ထိုးနှံ
Mar 12,2021
          ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ ဌာနဆိုင်ရာနှင့် ဒေသခံပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး COVISHIELD ထိုးနှံခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ဟိုပန်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ရာ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်သန်းထိုက်တို့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့သည်။
တောင်ကြီးမြို့ပေါ်ရှိ ဒေသခံပြည်သူများ COVID-19 ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံနေမှုကို ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း ကွင်းဆင်းကြည့်ရှုအားပေး
Mar 12,2021
          ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် COVID-19 ရောဂါကာကွယ်တားဆီးနိုင်ရေးအတွက် မြို့ပေါ်ရှိ ဒေသခံပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးမှုကို မတ်လ(၁၀)ရက်က စတင်ထိုးပေးလျက် ရှိကြောင်း သိရသည်။
ဒက္ခိဏခရိုင်နှင့် ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့
Mar 11,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏခရိုင်နှင့် ဇမ္ဗူသီရိမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် ဒက္ခိဏခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညောင်ရွှေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံ
Mar 11,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ထိန်းချုပ်နိုင်ရန် အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း တောင်ကြီးမြို့ပေါ်ရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံနေမှုကို ကွင်းဆင်းကြည့်ရှု
Mar 11,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့ပေါ်ရှိ ဒေသခံပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးမှုကို ယမန်နေ့ က စတင်ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှု ကြည့်ရှုအားပေး
Mar 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမြတ်သူသည် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသူများတို့ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက မြို့နယ်မိုးလုံလေလုံအားကစားခန်းမ စုရပ်၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIELD) ထိုးနှံပေးနေမှု အခြေအနေတို့အား ကြည့်ရှုအားပေးခဲ့သည်။
ရွာငံမြို့နယ်၌ ရဟန်းသံဃာတော်များ၊ အသက်(၆၅)နှစ်အထက် ဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Mar 11,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ၊ ရဟန်း သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် ဘိုးဘွားများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေးခြင်းကို ရွာငံမြို့၊ အနန္တဇိနမျက်စိဆေးရုံတွင် ယမန်နေ့နံနက် (၈)နာရီကစတင်၍ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌သံဃာတော်များ၊ သက်ကြီးရွယ်အိုများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Mar 11,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် သံဃာတော်များ၊ သက်ကြီးရွယ်အိုများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီကစတင်၍ ပင်းတယမြို့နယ် ဓမ္မာရုံ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ မိုင်းအင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့်၊ ပွေးလှကျေးရွာခန်းမတို့၌ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။