သတင်းများ

မိုင်းယောင်းမြို့နယ် ဝမ်ကောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) စာသင်ဆောင် ဆောက်လုပ်လျက်ရှိ
Mar 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ဝမ်ကောင်းကျေးရွာအုပ်စု ဝမ်ကောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) စာသင်ဆောင် ဆောက်လုပ် လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဒလမြို့နယ်၌ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Mar 17,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာများမှ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ အား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှ စတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်ကြီးစံပြကျေးရွာရှိ တိုက်နယ်ဆေးရုံနှင့် ဓနုတ်စံပြကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း တို့တွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ဒိုက်ဦးမြို့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ရဟန်းသံဃာတော်များ နှင့်ပညာရေးဝန်ထမ်းများအား ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံ
Mar 17,2021
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ကုတင်(၅၀)ပြည်သူ့ဆေးရုံ၌ မတ်လ ၁၆ ရက်နေ့ နံနက် ၉နာရီအချိန်မှစတင်ကာ ဒိုက်ဦးမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရဟန်းသံဃာ တော်များ၊ ကျန်းမာရေးဝန်ထမ်းများအား COVID-19 ရောဂါကာကွယ်ဆေး ပထမအကြိမ်စတင်ထိုးနှံ ပေးသည်။
၂၀၂၁ ခုနှစ် ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 17,2021
ကယားပြည်နယ် လွိုင်ကော်မြို့၌ ၂၀၂၁ ခုနှစ် ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက် ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
မိုင်းယောင်း၌ မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေး ဆွေးနွေး
Mar 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းယောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး
Mar 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ၏ ဦးဆောင်စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်မိုးလုံလေလုံ အားကစားခန်းမ၌ မတ် ၁၆ ရက်နေ့က ထိုးနှံပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 16,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့်ကချင်ပြည်နယ် အတွင်းမှ မြန်မာအလုပ်သမားများအား တွေ့ဆုံအားပေး
Mar 15,2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်ဖြင့် ကိုဗစ်-၁၉ ရောဂါကာလ အတွင်း နိုင်ငံရပ်ခြား၌ ပိတ်မိဒုက္ခခံနေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခဲ့ကြရာ မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာသည့် ကချင်ပြည်နယ်အတွင်းမှ ဒေသခံတိုင်းရင်းသားများအား ယနေ့နံနက် ၈ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တွေ့ဆုံအားပေးသည်။