သတင်းများ

ကမ္မမြို့ နတ်အင်းချောင်းထွက် အာလူးများ ပခုက္ကူဈေးကွက်သို့ တစ်ရက်အာလူးပိဿာချိန် ခုနှစ်သောင်းခန့်ဝင်ရောက်
Mar 07,2021
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ကမ္မမြို့ နတ်အင်းချောင်းထွက် အားလူများ လှိုင်လှိုင်ထွက်ရှိနေရာ ပခုက္ကူဈေးကွက်နှင့် ပွဲရုံများသို့ တစ်ရက်လျှင် အာလူးပိသာချိန် ခုနှစ်သောင်းခန့်စတင်ဝင်ရောက်လာနေပြီဖြစ်ကြောင်း မြနီလာပွဲရုံပိုင်ရှင် ဦးတင်ကိုထံက သိရသည် ။
ယောနယ် ကျောက်ထုတွင် ပေသီးများ ဈေးကောင်းရရှိရေးမျှော်လင့်
Mar 07,2021
ယခုနှစ်တွင် ယောအရပ်ဒေသဖြစ်သည့် ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ၌ ပေပင်များသီးသဖြင့် ပေပင်ပိုင်ရှင်များ ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း သိရသည်။
ဖာပွန်မြို့တွင် သံဃာတော်များ၊ သီလရှင်ဆရာလေးများနှင့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Mar 07,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် သံဃာတော်များ၊ သီလရှင်ဆရာလေးများနှင့် အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က အမှတ်(၂)ရပ်ကွက် ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ မီးဘေးသင့်အိမ်ထာင်စုများအား ထောက်ပံ့ငွေများ ပေးအပ်
Mar 06,2021
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တာဝန်ရှိသူများနှင့်အတူ သရက်ခရိုင်၊ မင်းလှမြို့နယ် (မန်းသံပုရာကန်) ရေနံချက်စက်ရုံဝင်း ပြင်ပရှိ ဝန်ထမ်းနေအိမ်လိုင်းခန်းအား မတ်လ ၅ ရက် နေ့ညနေပိုင်းက တောမီးမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ရာ မီးဘေးသင့်အိမ်ထောင်စုဝင်များအား ယင်းနေ့ ညနေ ၆ နာရီခန့်က သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စစ်တွေမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်
Mar 06,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စစ်တွေမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တို့မှ ရခိုင်ဒေသတွင် တာဝန်ထမ်းဆောင်ခဲ့သော ရဲတပ်ဖွဲ့ဝင်များအား ရိက္ခာပစ္စည်းထောက်ပံ့
Mar 06,2021
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်းနှင့် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ်ထင်လတ်ဦးတို့မှ ရခိုင်ဒေသတွင် ရှေ့တန်းတာဝန်ထမ်းဆောင်ခဲ့သော အမှတ်(၇)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များအား ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို စစ်တွေမြို့အမှတ်(၃၆) ရဲတပ်ရင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းယောင်း၌ မြို့နယ်ပညာရေးမှူးရုံး ဆောက်လုပ်လျက်ရှိ
Mar 06,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံး အသစ်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Mar 06,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် အသိပညာပေးနှိုး ဆော်ခြင်း ကို မီးသတ်ဦးစီး ဌာနမှတပ်ဖွဲ့ဝင်များက မတ် ၅ ရက် နေ့လည် ၃ နာရီ အချိန်ခန့် မြို့ပေါ်ရပ်ကွက်များအတွင်း လုပ်ဆောင်ခဲ့ကြသည်။