တောင်ကြီး မတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့ပေါ်ရှိ ဒေသခံပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးမှုကို ယမန်နေ့ က စတင်ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊ အတွင်းရေးမှူး ဦးနေလင်း၊ သက်ဆိုင်ရာဌာနများနှင့်အတူ မတ်လ (၁၁)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံနေမှုကို သွားရောက်ကြည့်ရှု၍လည်းကောင်း၊ တောင်ကြီးမြို့ မြို့တော်ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံနေသည့် ဒေသခံပြည်သူများ၊ ဝန်ထမ်းများအား ကြည့်ရှုကာ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများမှ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်ပမာဏပါဝင်မှု တိုင်းတာပေးခြင်း၊ မူလရောဂါအခံ ရှိ/မရှိ စမ်းသပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)