ညောင်ရွှေ မတ် ၁၁
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ထိန်းချုပ်နိုင်ရန် အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံရာတွင် ညောင်ရွှေမြို့နှင့် အနီးဝန်းကျင်တွင်နေထိုင်ကြသည့် မိဘပြည်သူများအား အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း၊ သာသနာ့ နွယ်ဝင် ရဟန်းသံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ညောင်ရွှေမြို့ ကန်ကြီးပရိယတ္တိ စာသင်တိုက်တွင် လည်းကောင်း၊ နန်းပန်မြို့နှင့် အနီးဝန်းကျင်တွင်နေထိုင်ကြသည့် မိဘပြည်သူများ အား နန်းပန်မြို့ ပရဟိတကျောင်းတွင်လည်းကောင်း အသီးသီးထိုးနှံပေးလျှက်ရှိရာ ကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းအား အောင်ပန်းမြို့ ခုတင်(၇၀၀) တပ်မတော်ဆေးရုံမှ တာဝန်ရှိသူ များက ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)