ရွာငံမြို့နယ်၌ ရဟန်းသံဃာတော်များ၊ အသက်(၆၅)နှစ်အထက် ဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ရွာငံ မတ် ၁၁ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ၊ ရဟန်း သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် ဘိုးဘွားများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေးခြင်းကို ရွာငံမြို့၊ အနန္တဇိနမျက်စိဆေးရုံတွင် ယမန်နေ့နံနက် (၈)နာရီကစတင်၍ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ဆေးထိုးနှံပေးခြင်းကို အမှတ်(၂)၊ တပ်မတော်ဆေးရုံ ကုတင်(၇၀၀)မှ ဗိုလ်ကြီးမြင့်သူနှင့်အဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည့်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ Mask များ ဖြန့်ဝေပေးခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး လိုက်နာရမည့်အချက်များကို ရှင်းလင်းပြောကြား၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ရွာငံမြို့နယ်အတွင်းရှိ အသက်(၆၅) နှစ်အထက် မိဘပြည်သူများ၊ အသက်(၁၈)နှစ်ပြည့်ပြီး ရဟန်း၊ သံဃာတော်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို မတ်လ (၁၀)ရက်မှ (၁၂)ရက်နေ့အထိ (၃)ရက်ဆက်တိုက် ထိုးနှံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ မြို့နယ် (ပြန်/ဆက်)