သတင်းများ

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီသို့ စီမံကိန်းလုပ်ငန်းများ လာရောက်ရှင်းလင်း
Mar 22,2021
တာချီလိတ်မြို့နယ်အတွင်းရှိ လယ်ယာမြေများအား လယ်ယာမြေအခြားနည်းအသုံးပြုခွင့်လျှောက်ထားသည့်ကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းများကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီသို့ လုပ်ငန်းရှင်များမှ လာရောက် ရှင်းလင်းမှုကို ယနေ့နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဖိုးနည်းမီးဖိုချောင်သုံး ဆေးဖက်ဝင် စပါးလင်၏ အာနိသင်
Mar 22,2021
လူတိုင်း လူတိုင်းသည် ကျန်းမာရေးက အဓိကဖြစ်သည်။ ကျန်းမာမှ အလုပ်လုပ်နိုင်မှာပါ။ ဒါ့ကြောင့် ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးပါပဲ။ ကျန်းမာရေးကို ဝယ်လိုလည်း မရသလိုလက်ဆောင်လည်း ပေးလို့မရပါဘူး။ မကျန်းမာမှ ကျန်းမာခြင်း၏ တန်ဖိုးကို လူတိုင်းနားလည်တတ်ကြသည်။ မြို့ပြမှာ မကျန်းမာသူတွေ့အဖို့ ဆေးရုံဆေးခန်းရှိလို့ သိပ်မကြောင့်ကြရသော်လည်း ဆေးရုံ ဆေးခန်းဝေးသော ကျေးလက်ဒေသမှာဆိုလျှင် မီးဖိုချောင်မှရသော အဖိုးနည်းမီးဖိုချောင်သုံးဆေးဖက် ဝင်ပစ္စည်းများက လည်း လူအသက်တစ်ချောင်းကို ကယ်နိုင်စွမ်းရှိပေသည်။
မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာ တိုက်ပွဲရှောင်စခန်းရှိ မီးဘေးသင့်ပြည်သူများအတွက် ပြည်နယ ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ ထောက်ပံပစ္စည်းများပေးအပ်
Mar 21,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၊ တိန်ညိုကျေးရွာရှိ တိုက်ပွဲရှောင်စခန်းမှ မီးဘေးသင့် အိမ်ထောင်စု (၆၆၃)စုအတွက် ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် ခရိုင်ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီတို့ ပူးပေါင်း၍ ထောက်ပံပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိန်ညို ကျေးရွာသစ် ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း၌ မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့တွင် ရဟန်းသံဃာများနှင့် ဌာနဆိုင်ရာများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ဒုတိယရက်အဖြစ် ဆက်လက်ထိုးနှံပေး
Mar 21,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် ရဟန်းသံဃာများနှင့် ဌာနဆိုင်ရာများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန် တော်ကြီးတွင် ဒုတိယရက်အဖြစ် ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက နေရပ်ပြန်နန်ဆန်ယန်ကျေးရွာတွင် ပြန်လည် နေထိုင်လျက်ရှိသော ပြည်သူများအား ဆန်ရိက္ခာနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်
Mar 21,2021
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြည်နယ်အတွင်းရှိ IDPs စခန်းများမှ ၎င်းတို့၏နေရပ် နန်ဆန်ယန် ကျေးရွာ၌ ပြန်လည်အခြေချ နေထိုင်လျက်ရှိသော မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် နန်ဆန်ယန် ကျေးရွာမှ ပြည်သူများအတွက် ဆန်ရိက္ခာနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံချုပ်အုပ်ချုပ်ရေး ကောင်စီရုံး၊ ဆမားဒူဝါဆင်ဝါး နော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ကျောက်ဆည်မြို့တွင် အသက်ကြီးအဘိုးအဘွားများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးပေးလျက်ရှိ
Mar 21,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သက်ကြီးအဘိုးအဘွားများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ဆေးထိုးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ စီစဉ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများမှ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက် ၉ နာရီက ပြည်သူ့ဆေးရုံကြီးတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းစုမြို့တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Mar 19,2021
ကျွန်းစု မတ် ၁၉ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မတ်လ(၁၅)ရက်နေ့မှစ၍ မတ်လ(၁၉) ရက်နေ့အထိ ကိုဗစ် - ၁၉ ရ
သံဃာတော်များ၊ ဝန်ထမ်းများနှင့်(၆၅)နှစ်အထက်အသက်ကြီးသူများအား (ဒုတိယ)သုတ်၊ (ပထမ)အကြိမ် ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပေး
Mar 19,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ပေးခြင်းလုပ်ငန်း (ဒုတိယ)သုတ်၊(ပထမ)အကြိမ်အဖြစ် ဆရာတော်/ သံဃာတော် အရှင်သူမြတ်များ၊ ဝန်ထမ်းများနှင့်အသက်(၆၅)နှစ်နှင့်အထက်အသက်ကြီးသူများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်းတွင် ယမန်နေ့ နံနက်၉ နာရီမှ ညနေ(၅)နာရီအထိ(၃၀၈)ဦးအားထိုးနှံပေး နိုင်ခဲ့ပြီး၊