သတင်းများ

သံတွဲမြို့နယ်၌ နွေရာသီရေရှားပါးမှု ကင်းဝေးစေရေး ရေပေးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်
Mar 26,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သံတွဲမြို့နယ်သံတွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း ရေရှားပါးသောကျေးရွာများ သောက်သုံးရေလုံလောက်မှု ရရှိစေရေး၊ နွေရာသီရေရှားပါးမှုကင်းဝေးစေရေးအတွက် ရေပေးရေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြောက်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ
Mar 26,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ဆရာတော်၊ သံဃာတော်များကို လတ်တလောအသက်ရှုလမ်းဆိုင်ရာ ကူးစက်မြန်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်အဖြစ် ဆေးရုံအခြေပြု စတင်ထိုးနှံခြင်းအား ယနေ့ နံနက် ၈ နာရီက ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် စုရပ်အဖြစ် စတင်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်းရှိ အသက်(၅၉)နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Mar 26,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင် မြို့နယ်အတွင်းရှိ အသက်(၅၉)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်တွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းစုမြို့တွင် (၂၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ
Mar 26,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့ဦးသံသရာအေးစေတီတော် (၂၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအား (၃)ရက် တိုင်တိုင် ရွတ်ဖတ်ပူဇော်မည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၇)နာရီအချိန်က ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ သံသရာအေးစေတီတော် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် ပရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Mar 26,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ရှိ မဟာရွှေစည်ကြီးစေတီတော်သို့ အများပြည်သူ ဘုရားဖူးမြော်ကြည်ညိုရန် လာရောက်ကြရာတွင် စေတီတော်ပရဝုဏ်အတွင်း သန့်ရှင်း သာယာရေး နှင့် စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ထူးမောင်နှင့်အဖွဲ့က ဦးဆောင်ပြီး ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများက မတ် ၂၆ ရက်နံနက် ၇ နာရီခန့်က စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Mar 26,2021
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အောက်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မဟာဝိဇိတာရုံကျောင်းတိုက်ဝင်းအတွင်း နိုင်လွန်ကတ္တရာလမ်း ခင်းကျင်းပြီးစီးမှုများအား ကြည့်ရှုစစ်ဆေး
Mar 25,2021
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုသည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၂) မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်းလိုက်ပါလျက် ချမ်းအေးသာစံမြို့နယ် ၆၇လမ်းနှင့် ၆၈လမ်းကြား၊ ၃၁လမ်းနှင့် ၃၂လမ်း ကြားရှိ နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်ဂိုဏ်းလုံးဝန်ဆောင်နာယ၊ ဘဒ္ဒန္တနာယကဆရာတော် သီတင်း သုံးတော်မူနေသည့် မဟာဝိဇိတာ ရုံကျောင်းတိုက်သို့ရောက်ရှိလာပြီး မတ်လ ၇ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးနေသော ကျောင်းတိုက်ဝင်းအတွင်းနိုင်လွန်ကတ္တရာလမ်းခင်းခြင်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးသည်။
တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း (ဒုတိယ)သုတ်၊(ပထမ)အကြိမ် အဖြစ် (၁၆၈၇)ဦးထိုးနှံပေး
Mar 25,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်း(ဒုတိယ)သုတ်၊ (ပထမ)အကြိမ်အဖြစ် ဆရာတော်/သံဃာတော် အရှင်သူမြတ်များ၊ နိုင်ငံ့ဝန်ထမ်း များ၊ အသက်(၆၅)နှစ်နှင့် အထက်ပြည်သူများ၊ ဈေးဆိုင်/စားသောက်ဆိုင် ရောင်းချသူများနှင့် လူမှုရေး ပရဟိတအဖွဲ့ဝင်များအား မတ်လ(၁၅ ရက်မှ ၂၃) ရက်နေ့ ညနေ(၅)နာရီ အထိ သတ်မှတ်နေရာများတွင် ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ လူဦးရေ စုစုပေါင်း(၁၆၈၇)ဦးတို့က စိတ်ဝင်တစား လာရောက်ထိုးနှံ ခဲ့ကြောင်း သိရှိရသည်။