သတင်းများ

ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်
Apr 18,2021
မြန်မာသက္ကရာဇ် ၁၃၈၃ - ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ ယမန်နေ့ညနေ ၃ နာရီက အန္တရာယ်ကင်း ပရိတ်တရား ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ရခိုင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ် ဘယ်လင်းအကျဉ်း ဦးစီးဌာနမှ အကျဉ်သားစုစုပေါင်း(၁၄၄)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ
Apr 18,2021
ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာရှိ အကျဉ်းဦးစီးဌာနတွင် မြန်မာနှစ်ဆန်း (၁)ရက်နေ့ ယမန်နေ့ နံနက် ၁၀ နာရီက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ အမိန့်ဖြင့် အမှတ်(၁)ကုန်ထုတ်စခန်း၊ ချမ်းမြေ့သုခဓမ္မာရုံ၌ နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။
ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ပရိတ်တရားတော် နာယူပူဇော်ပွဲ ကျင်းပ
Apr 18,2021
၁၃၈၃ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁) ရက်နေ့တွင် ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးခန်းမ၌ ပရိတ်တရားတော်နာယူပူဇော်ခြင်းကို ယမန်နေ့ ၂  နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၁၃၈၃ခုနှစ်၊ မြန်မာနှစ်ဆန်း တစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနားသို့ တက်ရောက်
Apr 18,2021
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နံနက် ၇ နာရီက မုံရွာမြို့ကန်သာယာကန် ရွှေလိမ္မော်ကျွန်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီမှကြီးမှူးပြီး တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်၍ ကျင်းပ ပြုလုပ်သည့် ၁၃၈၃ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ကန်သာယာကန်အတွင်းသို့ ငါးမြစ်ချင်းအကောင်ရေ (၂၅၀၀၀)ကောင်နှင့် ထိုင်းငါးခုံးမ အကောင်ရေ(၂၅၀၀၀) ကောင် စုစုပေါင်း ငါးအကောင်ရေ (၅၀၀၀၀)ကို လွှတ်ပေးခဲ့ကြသည်။
လွိုင်ကော်မြို့အတွင်း အန္တရာယ်ကင်း ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်
Apr 18,2021
လွိုင်ကော်မြို့ ၊ သာသနာ့ဗိမာန်တော်ကြီး၌ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်းကို ယမန်နေ့ညနေ ၃ နာရီခွဲက ပြုလုပ်ခဲ့သည်။
စစ်ကိုင်းမြို့ ကောင်းမှုတော်မြတ်စွာဘုရားကြီးတွင် လာရောက် ဘုရားဖူးပြည်သူ များပြား
Apr 17,2021
မြန်မာနှစ်သစ်ကူး နေ့ထူးနေ့မြတ်ဖြစ်သည့် ဧပြီ(၁၇)ရက်နေ့တွင် စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာ ကောင်းမှုတော်မြတ်စွာဘုရား စေတီတော်မြတ်ကြီးတွင် ဒေသခံပြည်သူ များ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများ၊ ကုသိုလ်ကောင်းမှုပြုသူများ၊ အပန်းဖြေအနားယူသူများဖြင့် များပြား လျှက်ရှိသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ နှစ်သစ်ကူးအခါသမတွင်(၄၃)ကြိမ်မြောက် သက်ကြီးဘိုးဘွား(၁၁၈)ဦး အား ပူဇော် ကန်တော့ပွဲ ကျင်းပပြုလုပ်
Apr 17,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ နှစ်သစ်ကူးအခါသမတွင်(၄၃)ကြိမ်မြောက် သက်ကြီးဘိုးဘွားများအား ပူဇော် ကန်တော့ပွဲကို ဧပြီ ၁၇ ရက်နေ့ နံနက် ၉ နာရီ အချိန် သာသနာ့ဗိမာန်တော်ကြီးတွင် ပြုလုပ်ခဲ့ကြသည်။
ဘူးသီးတောင်အကျဉ်းထောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ဖြင့် လွှတ်ငြိမ်းချမ်း သာခွင့်အကျဉ်းသား/အကျဉ်းသူ ၆၀၄ ဦး လွှတ်ပေး
Apr 17,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်အကျဥ်းထောင်မှ နိုင်ငံတော်လွှတ်ငြိမ်းချမ်း သာခွင့်ဖြင့် အကျဉ်းသား/အကျဉ်းသူ လွှတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဘူးသီးတောင်မြို့ အကျဉ်းဦး စီးဌာန မြတ်ရတနာဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။