သတင်းများ

မိုင်းယောင်းမြို့နယ်၌ ကျောင်းထိုင်ဆရာတော်များအား စုပေါင်းပူဇော်ကန်တော့ပွဲကျင်းပ
Apr 18,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ ကျောင်းထိုင် ဆရာတော်များအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဟိုခုံဘုန်းတော်ကြီး ကျောင်းရှိ သာသနာ့ဗိမ္မာန်တော်၌ ကျင်းပကြောင်း မြို့နယ်သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနမှ သိရသည်။
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်း ပြည်မြို့၌ဖွင့်လှစ်
Apr 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ မြိုနယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ပုလဲသီတာ ခန်းမ၌ ယနေ့ နံနက် ၉ နာရီ အချိန်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံ သင်တန်းကို ဖွင့်လှစ်သည်။
အကျွတ် အလွတ် သံဃာ့ဒါန ဆွမ်းကပ်ပွဲနှင့် အမျှပေးဝေပွဲ တွံတေး၌ကျင်းပ
Apr 18,2021
ရန်ကုမ်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် အိုဖိုသုသာန်၌မဇ္ဇျီမဘာသာရေးနှင့် နာရေးကုသိုလ်ပြုအသင်း (တွံတေး) က ဦးဆောင်ကာ (၉)အကြိမ်မြောက် အကျွတ်အလွတ် သံဃာ့ဒါနဆွမ်းကပ်ပွဲနှင့် ပရိတ်တရားတော် နာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေပွဲကို ယနေ့ နံနက် ၉ နာရီက အိုးဖိုသုသာန်ရှိ တန်ဆောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယုမြို့၌ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် ပဋ္ဌာန်းသိမ်းအောင်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်း ပရိတ် တရားတော် နာကြားခြင်းများပြုလုပ်
Apr 18,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် မြန်မာ့သက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက်နေ့က (၁၅)ကြိမ်မြောက် ပဋ္ဌာန်းသိမ်းအောင်ပွဲ၊ (၁၉)ကြိမ်မြောက် သက်ကြီး ပူဇော်ပွဲကို မြို့မရပ်ကွက်၊ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းရှိ ဓမ္မလင်္ကာရ ကျောင်းဆောင်၌ ပြုလုပ်ပြီး အန္တရာယ်ကင်း ပရိတ်တရားတော် နာကြားခြင်း များကို ဒေသတွင်း ဖိတ်ကြားထားသည့် နေရာများ၌ ကျင်းပပြုလုပ်ခဲ့သည်။
သန်လျင်ကျိုက်ခေါက်စေတီတော်မြတ်၌ နှစ်သစ် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖက်ပူဇော်ပွဲ ကျင်းပ
Apr 18,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော် မြတ်ကြီးတွင် ၁၃၈၃ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်အန္တရာယ်ကင်း ပရိတ်တရားတော် များ ရွတ်ဖက်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ရှုခင်းသာတန်ဆောင်း၌ ကျင်းပသည်။
ထားဝယ်မြို့၌ ၁၃၈၃ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနား ကျင်းပ
Apr 18,2021
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသည့် ၁၃၈၃ခုနှစ် မြန်မာနှစ်ဆန်း (၁)ရက် အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီ က ထားဝယ်မြို့ ဘုရားကြီး ဓမ္မာရုံ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်၍ ပဲခူးမြို့၌ အန္တရာယ်ကင်း ပရိတ်တရားတော်နာ အခမ်းအနားကျင်းပပြုလုပ်
Apr 18,2021
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးမြို့၌ အန္တရာယ်ကင်း ပရိတ်တရားတော်နာ အခမ်းအနားအား ယမ်နေ့ မြန်မာနှစ်ဆန်း (၁)ရက်နေ့၊ ညနေ ၅ နာရီက ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ နှစ်ဦးမင်္ဂလာအထိမ်းအမှတ်အဖြစ် မော်လမြိုင်မြို့ပေါ်ရှိ ပရိယတ္တိ စာသင်တိုက် များအား ဆွမ်းဆန်တော်လှူဒါန်း
Apr 18,2021
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ နှစ်ဦးမင်္ဂလာအထိမ်းအမှတ်အဖြစ် မော်လမြိုင်မြို့ပေါ်ရှိ ပရိယတ္တိ စာသင်တိုက် များအား (ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်) ဆွမ်းဆန်တော်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ သာသနာ့မာန်အောင်ဝဲပျံ စာသင်တိုက်ကြီး၌ ကျင်းပသည်။