ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ပရိတ်တရားတော် နာယူပူဇော်ပွဲ ကျင်းပ

လွိုင်ကော်        ဧပြီ   ၁၈

၁၃၈၃ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁) ရက်နေ့တွင် ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးခန်းမ၌ ပရိတ်တရားတော်နာယူပူဇော်ခြင်းကို ယမန်နေ့ ၂  နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး ပြည်နယ်သံဃနာယက အဖွဲ့ ဥက္ကဋ္ဌ ကျောင်းထိုင်ဘုန်းတော်ကြီးသင်တန်းကျောင်း ဆရာတော် ဘဒ္ဒန္တပညာစက္က (မဟာဂန္တဝါစပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)ဘုရားကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့သည်။

ဆက်လက်ပြီး ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးအံ့မော်နှင့် တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကျောင်းထိုင်ဘုန်းတော်ကြီး သင်တန်းကျောင်း ဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချအမျှပေးဝေ ခြင်းများဆောင်ရွက်ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု  သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)