စစ်ကိုင်း ဧပြီ- ၁၇
မြန်မာနှစ်သစ်ကူး နေ့ထူးနေ့မြတ်ဖြစ်သည့် ဧပြီ(၁၇)ရက်နေ့တွင် စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာ ကောင်းမှုတော်မြတ်စွာဘုရား စေတီတော်မြတ်ကြီးတွင် ဒေသခံပြည်သူ များ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများ၊ ကုသိုလ်ကောင်းမှုပြုသူများ၊ အပန်းဖြေအနားယူသူများဖြင့် များပြား လျှက်ရှိသည်။
မြန်မာလူမျိုးများသည် လက်ဆင့်ကမ်းသယ်ဆောင်လာကြသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အစဉ် အလာအတိုင်း မြန်မာနှစ်ဆန်းတစ်ရက်နေ့တိုင်းတွင် ဘုးရားကျောင်းကန် စေတီပုထိုးများ၌ ကောင်းမှု ကုသိုလ်ပြုခြင်း၊ အဘိုးအဘွား ဆရာသမားများအား ဂါရဝပြုခြင်းများ နှစ်စဉ်ဆောင်ရွက် ပြုလုပ်ခဲ့ကြ ကြောင်းသိရသည်။
ထို့နည်းအတူ ရပ်ကွက်အသီးသီးရှိ ပြည်သူများကလည်း ရပ်ကွက်များအလိုက် ဆရာတကာ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား ပင့်ဆောင်ကြပြီး သတ်မှတ်နေရာများတွင် အန္တရာယ်ကင်း ပရိတ်တရား တော်များကို နာယူကြည်ညိုကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်းသိရသည်။
စစ်ကိုင်း(ခရိုင် ပြန်/ဆက်)