သတင်းများ

ထားဝယ်မြို့၌ ၁၃၈၃ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်၊ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားကျင်းပ
Apr 17,2021
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသည့် ၁၃၈၃ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁)ရက် ဇီဝိတဒါနငါးလွှတ်ပွဲကို ယနေ့နံနက် ၇ နာရီ က ထားဝယ်မြို့၊ တလိုင်းထိန်/မရပ်၊ ဆိပ်ကမ်းသာလမ်း၊ ပြည်သူ့အပန်းဖြေ ရင်ပြင်၊ ထားဝယ်မြစ်ကမ်း၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၊ သမိုင်းဝင်ဆုတောင်းပြည့်မယ်လမုစေတီတော်တွင် နှစ်ဆန်းတစ်ရက်နေ့ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူ ပူဇော်
Apr 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ  မယ်လမုစေတီတော်မြတ်ကြီးတွင် မြန်မာသက္ကရာဇ် (၁၃၈၃) ခုနှစ် တန်ခူးလဆန်း(၆)ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့ နံနက်၌ အာရုဏ်တက်ချိန်မှစ၍ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူး လာရောက်ဖူးမြော်လျက်ရှိကြောင်း သိရသည်။
မြန်မာသက္ကရာဇ်(၁၃၈၃)ခုနှစ် တန်ခူးလဆန်း(၆)ရက်နေ့၊ နှစ်ဆန်းတစ်ရက်နေ့၌ ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးတွင် ပြည်သူများ စိတ်အေးချမ်းသာစွာ ပန်း၊ ရေ၊ ဆီမီးများ ကပ်လှူပူဇော်
Apr 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် မြန်မာသက္ကရာဇ် (၁၃၈၃)ခုနှစ် တန်ခူးလဆန်း(၆)ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့ နံနက်၌ အာရုံတက်ချိန်မှစ၍ ဘုရားဖူး ပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူး လာရောက်ဖူးမြော် လျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူး၍ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ဇီဝိတဒါန ငါးလွှတ်ပွဲ ကျင်းပ
Apr 17,2021
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကာ နှစ်သစ်ကူးအခါသမယ ၁၃၈၃ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက် ယနေ့နံနက် ၇ နာရီက မကွေးမြို့ ဧရာဝတီမြစ်ကမ်း ညောင်ကိုးပင်ဆိပ်တွင် ဇီဝိတဒါန ငါးလွှတ်ပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဟားခါး၌ ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူး၍ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရား ရွက်ဖတ်ပူဇော်ပွဲ ကျင်းပ
Apr 17,2021
ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသည့် ၁၃၈၃ ခုနှစ်၊ မြန်မာနှစ်ဆန်း တစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရား ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နှစ်ဆန်းတစ်ရက်နေ့တွင် ကျောက်တန်းမြို့ သမိုင်းဝင် ကျိုက်မှော်ဝန်း ရေလယ်စေတီတော်၌ ဘုရာဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို
Apr 17,2021
နှစ်ဆန်းတစ်ရက်နေ့တွင် ကျောက်တန်းမြို့ရှိ သမိုင်းဝင်ကျိုက်မှော်ဝန်း ရေလယ်စေတီတော်၌ ဘုရာဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို လျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မြန်မာရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် အောင်မြင်စွာပိတ်သိမ်း
Apr 17,2021
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသည့် မြန်မာရိုးရာ ယဉ်ကျေးမှု နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ပိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက စီမံအုပ်ချုပ်ရေးကောင်စီအိမ်ယာဝန်းတွင် ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်၍ ရုံးတွင်း မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်
Apr 17,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံးဝန်း မြက်ခင်းပြင်၌ ယမန်နေ့ ညနေ ၄ နာရီအချိန်က မြန်မာသက္ကရာဇ် ၁၃၈၂ခုနှစ်၊ ရုံးတွင်းမြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်သည်။