သတင်းများ

မြောက်ဦးမြို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးပြီး မြို့လုံးကျွတ်သက်ကြီး ပူဇော်ပွဲကျင်းပ
Apr 17,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ လက်ကောက်ဈေးရပ်ကွက် အလိုတော်ပြည့်ဘုန်းတော်ကြီး ကျောင်းတိုက် အတွင်းရှိ အောင်ဗောဓီဓမ္မရိပ်သာ၌ ရခိုင့်ရိုးရာအစဉ်အလာအတိုင်း နှစ်စဉ်ကျင်းပ ပြုလုပ်မြဲဖြစ်သော မြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးပြီး ယနေ့ နံနက် ၉ နာရီက အဆိုပါဘုန်းတော်ကြီး ကျောင်း၌ ပူဇော်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသား (၃၇၅)ဦး လွတ်ငြိမ်းသက်သာခွင့်ရရှိ
Apr 17,2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ(၄၀၁)ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်း သက်သာခွင့်ပြုခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသား/သူများအား ယနေ့နံနက်ပိုင်းတွင် လွှတ်ပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်၍ ပဲခူးမြို့၌ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်
Apr 17,2021
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးမြို့၌ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲကို ယနေ့မြန်မာနှစ်ဆန်း (၁)ရက်နေ့ နံနက်(၉)နာရီက ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
လပွတ္တလုပ်တောင်ချောင်းအတွင်းသို့ ဇီဝိတဒါနငါးလွှတ်ပွဲ ကျင်းပ
Apr 17,2021
ယနေ့သည် မြန်မာတို့၏အထွဋ်အမြတ်ထားရာ မြန်မာနှစ်ဆန်းတစ်ရက်နေ့ နေ့ထူးနေ့မြတ် ဖြစ်သည်နှင့်အညီ လပွတ္တာမြို့နယ်တွင် ဇီဝိတဒါနပြုခြင်းများဖြင့် ဆောင်ရွက်လျက်ရှိကြရာတွင် ယနေ့နံနက် ၉ နာရီက လပွတ္တာမြို့နယ် ညောင်လိန်ကျေးရွာအုပ်စု အောက်ကုန်းကျေးရွာ လပွတ္တလုပ်တောင်ချောင်း အတွင်းသို့ ငါးလွှတ်၍ ကုသိုလ်ပြုခဲ့ကြသည်။
ကော့သောင်းမြို့၊ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ကန့်တော့ပွဲ အခမ်းအနားကျင်းပ
Apr 17,2021
ကော့သောင်းမြို့၊ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနား ကို ကော့သောင်းမြို့၊ ဘုရင်နောင်၊ အမှတ်(၂)ဆိပ်ခံတံတား၌ ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)ကော့သောင်း၊ စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်သက်ဦး၊ ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် မိသားစုများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဘုတ်ပြင်းမြို့၌ နှစ်ဦးဆွမ်းအလှူမင်္ဂလာနှင့် သက်ကြီးပူဇော်ပွဲကျင်းပ
Apr 17,2021
၁၃၈၃ ခုနှစ် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ နှစ်ဦးဆွမ်းဆက်ကပ်လှူဒါန်ခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင် ယနေ့နံနက်(၅)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူး၍ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီးဘိုးဘွား ကန်တော့ပွဲ ကျင်းပ
Apr 17,2021
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ နှစ်ဆန်း(၁)ရက်နေ့၊ ယနေ့နံနက် ၈ နာရီက မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူး၍ မြန်မာတို့၏ ရှိရင်းစွဲ သက်ကြီးရွယ်အိုများအပေါ်ထားရှိသည့် ရိုးရာယဉ်ကျေးမှု အစဉ်အလာများ မပျောက်ပျက်အောင် သက်ကြီးဘိုးဘွားပူဇော်ပွဲ အခမ်းအနားကို မကွေးမြို့၊ ဖန်ခါးမြေ ဘိုးဘွားရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။