ဘူးသီးတောင် ဧပြီ ၁၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်အကျဥ်းထောင်မှ နိုင်ငံတော်လွှတ်ငြိမ်းချမ်း သာခွင့်ဖြင့် အကျဉ်းသား/အကျဉ်းသူ လွှတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဘူးသီးတောင်မြို့ အကျဉ်းဦး စီးဌာန မြတ်ရတနာဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်နှင့် မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးဝေဖြိုးဦးတို့က လွတ်မြောက်လာသော အကျဥ်းသား/သူ များအား ဆုံးမသြဝါဒ စကားပြောကြားသည်။
ထို့နောက် ဘူးသီးတောင်အကျည်း ထောင်မှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ဌေးက အမှာစကားပြောကြားပြီး လွှတ်ငြိမ်းသက်သာခွင့်ရရှိသူများအား ထောင် ထွက် လက်မှတ်နှင့် စားစရိတ်/ခရီးစရိတ်များတာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြသည်။
ဘူးသီးတောင်အကျဉ်းထောင်မှအကျဉ်းသား(၅၇၁)ဦး၊အကျဉ်းသူ(၃၃)ဦးစုစုပေါင်း(၆၀၄)ဦးတို့ကို လွှတ်ပေးခဲ့ကြောင်းသိရသည်။
လှကျော်(ပြန်/ဆက်)