မောင်တော ဧပြီ ၁၇
ရခိုင်ပြည်နယ် မောင်တောမြို့၌ နှစ်သစ်ကူးအခါသမတွင်(၄၃)ကြိမ်မြောက် သက်ကြီးဘိုးဘွားများအား ပူဇော် ကန်တော့ပွဲကို ဧပြီ ၁၇ ရက်နေ့ နံနက် ၉ နာရီ အချိန် သာသနာ့ဗိမာန်တော်ကြီးတွင် ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို ရခိုင်မင်္ဂလာစည်တော်ယွန်း၍ ဖွင့်လှစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးစိုး အောင် က ဂါရဝမင်္ဂလာစကားပြောကြားခဲ့သည်။ ထို့နောက်သက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီမှ ဦးမောင်အုန်းကြည်က ဂါဝရစကားနှင့် သက်ကြီးပူဇော်ပွဲကျင်းပခဲ့ပုံ အဆင့်ဆင့်တို့အား ရှင်းလင်းပြောကြား ပြီး သက်ကြီး ဘိုးဘွား များ အား ကန့်တောချိုးရွက်ဆို၍ လက်အုပ်ချီ ကန့်တော့ခဲ့ကြရာ သက်ကြီး ဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးမှ ကျေးဇူး တင် စ ကား ပြောကြားကာ ဆုတောင်းမေတ္တာပို့သ ပေးခဲ့ကြသည်။ ဆက်လက်၍ သက်ကြီးဘိုးဘွားများအား လှူဖွယ် ဝတ္တူ များ ဖြင့် ပူဇော်ကန့်တော့ခဲ့ကြပြီး မြို့ပေါ်ရပ်ကွက်များမှ ကောက်ခံရရှိငွေ (၅၂၄၄၈၅၀) ကျပ် နှင့် ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများမှ လှူဒါန်းငွေ (၂၈၅၉၀၀၀) စုစုပေါင်း (၈၁၀၃၈၅၀)ကျပ် ဖြစ်ကြောင်း နှင့် သက်ကြီး ပူဇော်ပွဲ ကျင်းပ ရေး ဦးစီးကော်မတီမှ အဘိုး၊ အဘွားတစ်ဦးလျှင် (၇၀၀၀၀) နှုန်းဖြင့် ပူဇော် ကန့် တော့ခဲ့ကြသည်။ ပူဇော်ပွဲသို့ အပူဇော်ခံ အသက်(၈၀)နှစ်အထက် အဘိုး(၃၃)ဦး ၊အဘွား(၈၅)ဦး ၊ပေါင်း(၁၁၈)ဦး၊ ခရိုင် စီမံ အုပ်ချုပ်ရေး အဖွဲ့ဉက္ကဌ ဦးစိုးအောင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးအောင်ရဲ နှင့် တာဝန်ရှိသူများ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့သူ/သားများ စုစုပေါင်း(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
အဆိုပါ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို တက်ရောက်သည့် ပူဇော်ခံ သက်ကြီး များ အနက် အသက် အကြီးဆုံး အဘိုးမှာ ဦးမောင်ဖြူသီး အသက်(၉၉)နှစ် ရွာသာယာကျေးရွာနေသူနှင့် အသက်အကြီးဆုံး အဘွားမှာ ဒေါ်လှစိန် အသက်(၉၆)နှစ် ၊ မကျည်းကုန်ကျေးရွာနေသူဖြစ်ပြီး အခမ်းအနားသို့ မတက် ရောက်နိုင်သည့် ဘိုးဘွားများအား ရပ်/ကျေး အုပ်ချူပ်ရေးမှူး များမှ တဆင့် အိမ်တိုင်ရာရောက် ကန့်တော့သွားမည်ဖြစ်ကြောင်း သက်ကြီးပူဇော်ပွဲကျင်းပ ရေးဦးစီး ကော်မတီ ထံမှသိရသည်။
သက်လွင်စိုး(ခရိုင် ပြန်/ဆက်)