တာချီလိတ်မြို့၌ ဌာနဆိုင်ရာများနှင့် ပြည်သူများအား ကိုဗစ်-19 ရောဂါကာကွယ်ဆေး စတင်ထိုးနှံ

တာချီလိတ် မတ် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ တာချီလိတ်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက် ၆၅နှစ်အထက် သက်ကြီးရွယ်အိုများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စတင်ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့(စုပေါင်း)ရုံး၊ ခရိုင်ပြည်သူ့ဆေးရုံ၊ ပါလျံဘုံကျောင်းနှင့် ဆေခမ်းရပ်ကွက် စီမံအုပ်ချုပ်ရေးရုံးတို့တွင် ထိုးနှံ့ပေးခဲ့ပြီး စုစုပေါင်း ၁၀၇၇ ဦးရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို တပ်မတော်ဆေးတပ်ရင်းတပ်ဖွဲ့များမှ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြကာ နေ့စဉ်နံနက် ၉ နာရီမှ စတင်၍ မတ် ၁၆ ရက်နေ့အထိ ပြည်သူများအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယာဆေး (ပြန်/ဆက်)