သတင်းများ

ဟိုပုံးမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများဖွင့်လှစ်နိုင်ရေး ကွင်းဆင်းစစ်ဆေး
May 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ အခြေခံ ပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်မှ စတင်၍ ကျေးရွာအုပ်စုအတွင်းရှိ ကျောင်းများတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆင့်မြင့်ပညာကျောင်းများ အဆင်ပြေချောမွေ့စွာပညာသင်ယူနိုင်ရေး ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်
May 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦး၊ အဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး ရဲထွဋ်ဝင်းနှင့် အတွင်းရေးမှူး ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူး စွမ်းဇာနည်၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းနှင့် တာဝန်ရှိသူများသည် မေလ ၁၂ ရက်နေ့၊ မွန်းလွဲ၂ နာရီ အချိန်တွင် ရွှေဘိုမြို့ အစိုးရနည်းပညာ ကောလိပ်နှင့် ရွှေဘိုတက္ကသိုလ်တို့သို့ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကျောင်းသားကျောင်းသူများ အဆင်ပြေစွာ ပညာသင်ကြား နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။
နတ်မောက်မြို့နယ်တွင် သဘာ၀ဘေးဒဏ်သင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်
May 14,2021
မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ်တွင်တိုက်ခတ်ခဲ့သော မိုးသက် လေပြင်း ဒဏ်ကြောင့် သဘာ၀ဘေးသင့်ခဲ့သော လျှော်ချောင်းကြီး ကျေးရွာအုပ်စုလျှော်ချောင်းကြီး ကျေးရွာ၌ ယမန်နေ့နံနက် ၁၀ နာရီခန့်က မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများ လက်၀ယ်အရောက် ကွင်းဆင်းပေး အပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၌ တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုး မျိုးထုတ်ပေးရေး ပန်းခင်း စီမံချက်နှင့်ပတ်သက်သည့် ညှိနှိုင်း အစည်းအဝေး ကျင်းပ
May 14,2021
ရခိုင်ပြည်နယ်၌ တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုး ထုတ်ပေးရေး ပန်းခင်း စီမံချက်နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကော့ကရိတ်မြို့၌ အစိုးရပါဠိပထမပြန် စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 14,2021
သသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာထွန်းကားပြန်ပွားရေးဦးစီးဌာနမှ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော အစိုးရပါဠိပထမ ပြန်စာမေးပွဲအား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁နာရီအချိန်က ကော့ကရိတ်မြို့၊ အမှတ် ၆ရပ်ကွက် မြို့မဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
မကွေးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် တွေ့ဆုံ
May 14,2021
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်သည် အဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေး ဝန်ထမ်းများနှင့် ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်က မကွေးမြို့ မြို့တော်ခန်းမ၌ တွေ့ဆုံခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 14,2021
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့နှင့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိုးကောင်းသောက်လယ်ယာမြေတွင် မြေအောက်ဖြည့်စွက်ရေ အသုံးပြုကာ စိုက်ခင်းလုပ်ငန်းများ ဆောင်ရွက်နေ
May 14,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စိုက်ပျိုးရေး၊ဦးစီးဌာနမှ ၂၀ ၂၀- ၂၀၂၁ ခုနှစ် မိုးဦး သီးနှံဖြစ်သည့် နှမ်းနှင့်ဖူးစားပြောင်း သီးညှပ်စိုက်ခင်း စံပြကွက် (၃) ဧကအား၊ လဲလူကျေးရွာ စိုက်ခင်းကွင်း၊ တောင်သူ ဦးမိုးသစ်၏ မိုးကောင်းသောက်ယာမြေတွင် မိုးဦးကာလ မိုးရေဖြင့် စတင်စိုက်ပျိုးထား ပြီးနောက် သီးနှံပင်ဖြစ်ထွန်းကာလ စိုက်ခင်းဖြည့်စွက်ရေ ရရှိရေးအတွက် မြေအောက်ရေ (၄)လက် မ ပိုက်တွင်းမှတဆင့်စက်သုံးဆီအင်ဂျင်သုံး ဆောင်ရွက်နေမှုလုပ်ငန်းအား အကျိုးဆောင်တောင်သူနှင့်အတူ ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရတယ်။