အဆင့်မြင့်ပညာကျောင်းများ အဆင်ပြေချောမွေ့စွာပညာသင်ယူနိုင်ရေး ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

ရွှေဘို မေ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦး၊ အဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး ရဲထွဋ်ဝင်းနှင့် အတွင်းရေးမှူး ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူး စွမ်းဇာနည်၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းနှင့် တာဝန်ရှိသူများသည် မေလ ၁၂ ရက်နေ့၊ မွန်းလွဲ၂ နာရီ အချိန်တွင် ရွှေဘိုမြို့ အစိုးရနည်းပညာ ကောလိပ်နှင့် ရွှေဘိုတက္ကသိုလ်တို့သို့ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကျောင်းသားကျောင်းသူများ အဆင်ပြေစွာ ပညာသင်ကြား နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရွှေဘိုတက္ကသိုလ် အစည်းအဝေးခန်းမ၌ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာဒေါ်သီတာခင်က လက်ရှိကျောင်းသား ကျောင်းသူများ လာရောက် ပညာ သင်ကြားနေမှု၊ ဆရာ/ဆရာမ များဝန်ထမ်း အင်အားနှင့် တက္ကသိုလ်ပရဝဏ်အတွင်း သန့်ရှင်း သာယာရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြ ခဲ့ကြပါသည်။

ထို့နောက် ရွှေဘိုကုတင် ၂၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး ပြည်သူများအခက်အခဲမရှိ ဆေးကုသနိုင်ရေး ပြည်သူများအဆင်ပြေ ချောမွေ့စေရေး လုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေးနှင့် ဆေးရုံသို့လာရောက် ကုသလျက်ရှိသည့် လူနာများအား အထူးဂရုစိုက်၍ ကုသနိုင် ရေးတို့ကို ပြည်သူ့ဆေးရုံအုပ်ကြီး၊ တာဝန်ရှိသူတို့နှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

စိုးသီဟ (ရွှေဘို)