မြို့သစ် မေ ၁၃
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စိုက်ပျိုးရေး၊ဦးစီးဌာနမှ ၂၀ ၂၀- ၂၀၂၁ ခုနှစ် မိုးဦး သီးနှံဖြစ်သည့် နှမ်းနှင့်ဖူးစားပြောင်း သီးညှပ်စိုက်ခင်း စံပြကွက် (၃) ဧကအား၊ လဲလူကျေးရွာ စိုက်ခင်းကွင်း၊ တောင်သူ ဦးမိုးသစ်၏ မိုးကောင်းသောက်ယာမြေတွင် မိုးဦးကာလ မိုးရေဖြင့် စတင်စိုက်ပျိုးထား ပြီးနောက် သီးနှံပင်ဖြစ်ထွန်းကာလ စိုက်ခင်းဖြည့်စွက်ရေ ရရှိရေးအတွက် မြေအောက်ရေ (၄)လက် မ ပိုက်တွင်းမှတဆင့်စက်သုံးဆီအင်ဂျင်သုံး ဆောင်ရွက်နေမှုလုပ်ငန်းအား အကျိုးဆောင်တောင်သူနှင့်အတူ ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရတယ်။
အဆိုပါ တောင်သူနမှုနာပြ စံပြစိုက်ခင်းသို့ စိုက်ပျိုးရေးဦးစီးဌာန တိုင်း ခရိုင် မြို့နယ် စိုက်ပျိုး ပညာရှင်များ ယနေ့မနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး မြေဆီလွှာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း၊ ပိုးမွှားပေါင်းမြက် နှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ ပြီး တစ်မိုးလို ရေလိုအပ် ချက်ကြောင့် စိုက်ခင်းအားလုံး ပျက်စီးဆုံးရှုံးမှု ကာကွယ်စေနိုင်ရန်အတွက် မြေအောက်ရေ ဖြည့်စွက်ရေ ရရှိနိုင်သည့် အရင်းအမြစ်များ ဆောင်ရွက်လာရခြင်းဖြစ်ကြောင်းနှင့် ဖြည့်စွက်ရေ အတွက် လုပ်ငန်းကုန်ကျစရိတ်အပေါ် သီးနှံပင်များ အောင်မြင်ဖြစ်ထွန်ပြီး စျေးကွက် အကျိုး အမြတ်ရရှိရေး စိုက်ပျိုးနည်းပညာပိုင်းအရ ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
ထိုသို့ ဖြစ်စွက်ရေရရှိမည်ဆိုပါက တစ်ဧကအတွက် ရေဖြန်းပိုက်ကုန်ကျစရိတ် ကျပ် (၁၈၀၀၀၀) ခန့်နှင့် ဖြည့်စွက်ရေတစ်ကြိမ်အတွက် စက်သုံးဆီ ဒီဇယ်ကျပ် (၁၅၀၀၀) ခန့် ကုန်ကျ နိုင်ပြီး စိုက်ခင်းရေလိုအပ်ချိန်တွင် ဖြည့်စွက်ရေပေးနိုင်ခြင်းဖြင့် စိုက်ခင်းထိခိုက်ပျက်စီးမှု ကာကွယ် နိုင်သလို သီးနှံပင်ဖြစ်ထွန်းမှုအတွက် အထူးလိုအပ် ကောင်းမွန်ပြီး ပိုမိုအကျိုးဖြစ်ထွန်းကာ မိုးကောင်း သောက်တောင်သူများအတွက် အထူးအရေးပါသည့် လုပ်ငန်းဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းထံမှသိရပါတယ်။
ကိုဇော်