သတင်းများ

ကျောက်ဆည်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 13,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် လုံခြုံရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကုန်စည်စီးဆင်းမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကောင်းမွန်စေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ညနေ(၃)နာရီက မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ကြောင်း သိရှိရသည်။
ကိုယ်ဝန်ဆောင်မိခင်နှင့် တစ်နှစ်အောက်ကလေးများအား ကာကွယ်ဆေးထိုးနှံပေး
May 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ခရမ်း မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် တစ်နှစ် အောက် ကလေးငယ်များအတွက် ပိုမိုကောင်းမွန်သော အနာဂတ် ရရှိခံစားနိုင်ရေး အတွက် ကူးစက် ရောဂါများ ကာကွယ်နိုင်ရေး ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ မေလ ပထမ ပတ်တွင် ပြန်လည်ထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။
အချိန်နှောင်းသော်လည်း ခရမ်းချဉ်သီးဈေးများပြန်တက်လာ၍ စိုက်ပျိုးသူများ အဆင်ပြေ
May 13,2021
စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီးလုပ်ကိုင်ကြသော မင်းဘူး(စကု)မြို့နယ်မှ တောင်သူများသည် ခရမ်းချဉ်စိုက်ခင်းများ စိုက်ပျိုးချိန် နောက်ကျသော်လည်း ခရမ်းချဉ်သီးဈေး ပြန်တက်လာသဖြင့် အဆင်ပြေလျက်ရှိကြောင်း ခရမ်းချဉ်စိုက် တောင်သူများထံမှ သိရသည်။
လင်းခေးမြို့ နမ့်တိန်းချောင်းထဲသို့ ငါးမျိုးသားပေါက်ကောင်ရေ(၇ဝဝဝဝ)စိုက်ထည့်ပွဲ ကျင်းပ
May 13,2021
ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့ရှိ နမ့်တိန်းချောင်းထဲသို့ ငါးမျိုးသားပေါက် အကောင်ရေ(၇ဝဝဝဝ)စိုက်ထည့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၅ နာရီက အဆိုပါချောင်းကမ်းစပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပြည်မြို့နယ် ကြခတ်အုပ်စု ရွှေဝါမြေကျေးရွာ၌ စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာပေးသင်တန်းဖွင့်လှစ်
May 13,2021
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ စီမံမှုဖြင့် ပြည်မြို့နယ် ကြခတ် အုပ်စု ရွှေဝါမြေကျေးရွာတွင် မေ ၁၀ ရက်နံနက်ပိုင်းကစတင်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေး ပညာပေး သင်တန်း ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်းသိရသည်။
လှိုင်းဘွဲမြို့နယ်တွင် မိုးလုံလေလုံအားကစားရုံ တည်ဆောက်မှုလုပ်ငန်း ၅၀ % ပြီးစီး
May 13,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဆောင်ရွက်သည့် မိုးလုံလေလုံအားကစားရုံ တည်ဆောက်ခြင်းလုပ်ငန်း (၅၀)ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မုဒုံမြို့နယ်ရှိ တစ်မြောင်းတစ်ဘောင်စနစ် ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံအား ကွင်းဆင်းကြည့်ရှု
May 13,2021
မော်လမြိုင် မေ ၁၃ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများတို့သည် ယမန်နေ့မွန်းလွဲ ၁ နာရီက မုဒုံမြို့နယ် ဝက်တဲကျေးရွာ ကွင်းအမှ
ကလောမြို့နယ်၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်း ဖွင့်လှစ်
May 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ လွယ်အံကျေးရွာအုပ်စု၊ အင်းပြင်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အသက် မွေးဝမ်းကြောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ကအဆိုပါကျေးရွာရှိ ရွှေစာစီခန်းမ၌ ကျင်းပခဲ့သည်။