သတင်းများ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ စည်းကမ်းများနှင့် အညီ ပြန်လည် ဖွင့်လှစ်ဆောင်ရွက်
May 13,2021
ပြည်သူများ အသိဉာဏ်၊ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သင်္ဃန်းကျွန်းမြို့နယ်ရုံးတွင် ဖွင့်လှစ်ဆောင်ရွက် လျက်ရှိသည့် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တပိတ် ထားခဲ့ရာ ယခုအခါ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။
မင်းလှမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်
May 13,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက  ရုံးရပ်တောင်ရပ်ကွက်ရှိ အ.ထ.က (မင်းလှ)  တွင် ဆရာ၊ ဆရာမ များက ကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
​ကျောက်တံတားမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီ ပြည်သူများ စာ​​ပေ​လေ့လာဖတ်ရှုနိုင်ရန် ပြန်လည်ဖွင့်လှစ်​ပေး
May 13,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊​ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ခေတ္တယာယီ ပိတ်ထားခဲ့ပြီးနောက် ယခုအခါ ​ပြည်သူများ စာ​​ပေဖတ်ရှုလေ့လာနိုင်ရန်အတွက်​ ကျောက်တံတား မြို့နယ် ပြည်သူ့စာကြည့်တိုက်အား မေလဆန်းမှ စတင်ကာ  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ​ရောဂါကာကွယ်​ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်လျက်ရှိ​ကြောင်း သိရသည်။
လေဘေးသင့်ပြည်သူများအတွက်ကယ်ဆယ်ရေးပစ္စည်းနှင့်ရန်ပုံငွေများထောက်ပံ့လှူဒါန်း
May 13,2021
လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လေဘေးကြောင့်ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁၆)လုံး၊ အိမ်ထောင်စု(၁၆)စုမှ လူဦးရေ(၅၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁၅)ပုံး၊ ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုး(၁)ပုံ
သန်လျင်၌ ရေစီးရေလာကောင်းမွန်ရေး ရေနုတ်မြောင်းများ ပြုပြင်ခြင်းနှင့် လမ်းဘေး ပလက်ဖောင်းလုပ်ငန်းများ ဆောင်ရွက်
May 13,2021
 ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေး၊ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့  နံနက်ပိုင်းက မြို့တောင်ရပ်ကွက် သတိပဋ္ဌာန်လမ်းကြီးရှိ ရေနုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်ရေး အုတ်မြောင်းများ ပြုလုပ်ခြင်းနှင့် လမ်းဘေး ပလက်ဖောင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးညိုမြို့၌ နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာရန် အသိပေးခြင်းနှင့် Mask ဖြန့်ဝေခြင်း ဆောင်ရွက်
May 13,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုဖြင့် အပြင်ထွက်သည့် ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်ရေးနှင့် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းများအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်းနှင့် Mask များ တပ်ဆင်သွား လာကြရန် အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့နံနက် ၇နာရီအချိန်က လူစည်ကားရာနေရာများ ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးနှင့် စည်ပင်သာယာဈေး ပတ်၀န်းကျင်ရှိ လမ်းဆုံများတွင် ဆောင်ရွက်ခဲ့သည်။
မိုင်းတုံမြို့၌ ကလေးသူငယ်အခွင့်ရေးဆိုင်ရာဥပဒေအသိပညာပေးဆွေးနွေးပွဲ ကျင်းပ
May 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ  အစည်းအဝေးခန်းမ၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။