ဟိုပုံး မေ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ အခြေခံ ပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်မှ စတင်၍ ကျေးရွာအုပ်စုအတွင်းရှိ ကျောင်းများတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများက အဖွဲ့(၇)ဖွဲ့ခွဲကာ ဟိုပုံးမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းလိုအပ်ချက် များ ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေးအတွက် သောက်သုံးရေ၊ လက်ဆေးဘေစင်၊ Masks၊ Face shield ၊ စာသင်ကျောင်း လုံလောက်မှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများကို မေလ(၁၂)နေ့မှစတင်၍ ကွင်းဆင်းစစ်ဆေးလျက်ရှိရာ မေလ(၁၃)ရက်နေ့တွင် ကျောင်းပေါင်း (၉၅) ကျောင်းစစ်ဆေးပြီးဖြစ်ကြောင်းနှင့် ဟိုပုံးမြို့နယ်တွင် မြို့ပေါ် (၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၂) အုပ်စုရှိပြီး အခြေခံပညာစာသင်ကျောင်း ပေါင်း(၁၈၀)ကျောင်းရှိကြောင်းသိရသည်။ဆက်လက်၍ ကျန်ရှိနေသေးသည့် ကျောင်းများကိုလည်းဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဟိုပုံးခရိုင်(ပြန်/ဆက်)