ပလောက် မေ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့အတွင်းရှိ အခြေခံပညာ ကျောင်းများကို ကိုဗစ် −၁၉ ရောဂါ ကာကွယ်တားဆီးရေး နည်းလမ်းအတိုင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြိတ်ခရိုင်၊ ပညာရေးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ရှု ဦးဆောင်သောအဖွဲ့သည် ယနေ့ နံနက် (၈)နာရီခွဲက ပလောက်မြို့ ၊အခြေခံပညာ အထက်တန်း ကျောင်းသို့ ကွင်းဆင်းကြီးကြပ်စစ်ဆေးလျက်ရှိကြောင်း သိရပါသည်။
ထိုသို့ ကွင်းဆင်းကြီးကြပ်စစ်ဆေးရာတွင် ကျောင်းသား၊ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ နှင့် ဆရာ/ဆရာမများ ပညာသင်ကြားရာ၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေး နည်းလမ်းများအတိုင်း လက်ဆေးရေစင်များ၊ Mask၊ Face Shield များ၊ အိမ်သာများ၊ စာသင် ခန်း၌ ၆ ပေအကွာ ထိုင်ခုံထားရှိမှုများ၊ လေ၀င်လေထွက် ကောင်းမွန်ရေး၊ ဖျားနာသူများ ရှိလာပါက နားနေဆောင်များနှင့် မိဘအုပ်ထိန်သူများ၊ NGO အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ်၊ပလောက်မြို့အတွင်းရှိ အခြေခံပညာကျောင်းများကို သတ်မှတ်ကာလအတွင်း ကျောင်းအပ်နှံနိုင်ရေးနှင့် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအုပ် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ တာ၀န်ရှိသူများက ကျောင်းတွင်း/ကျောင်းပြင် သန့်ရှင်းရေးများ ပြုလုပ်ခြင်းနှင့် ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများအတိုင်း ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက် ပြန်/ဆက်)