သတင်းများ

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအမျိုးသားဘောလုံးအသင်း(U-21)အား ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် တွေ့ဆုံပွဲကျင်းပ
May 15,2021
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အမျိုးသားအဆင့် ဘောလုံးအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားဘောလုံးအသင်း (U-21)အား ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ခြင်းနှင့်‌ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းအား ထာဝရအောင်မြေ အများပိုင်ကုမ္ပဏီမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လာရောက်တွေ့ဆုံ
May 15,2021
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်းနှင့် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များအား သံတွဲခရိုင်၊ တောင်ကုတ်မြို့၊ မြို့သစ်ဖော်ထုတ်ခြင်းလုပ်ငန်း နှင့်ပတ်သက်၍ ထာဝရအောင်မြေအများပိုင်ကုမ္ပဏီမှ ဥက္ကဋ္ဌ၊ ဦးကျောက်တောင်နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံးအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံကြသည်။
ဖား​ဆောင်းမြို့နယ်အတွင်း နယ်စပ်​ဒေသဖွံ့ဖြိုး​ရေး(ပြည်နယ်) ရန်ပုံ​ငွေဖြင့် ​ဆောင်ရွက်သည့် ​ဒေသဖွံ့ ဖြိုး​ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်​ဆေး
May 15,2021
ကယားပြည်နယ်၊​ဘောလခဲခရိုင်၊ဖား​ဆောင်းမြို့နယ်အတွင်း နယ်စပ်​ဒေသဖွံ့ဖြိုး​ရေး(ပြည်နယ်) ရန်ပုံ​ငွေဖြင့် ​ဆောင်ရွက်သည့်​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများကို ယ​​နေ့နံနက်(၉)နာရီ အချိန်က ပြည်နယ် တည်​ဆောက်​ရေးလုပ်ငန်းများ၏ အရည်အ​သွေးစစ်​ဆေး​ရေး​ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး​ကော်မတီအဖွဲ့ဝင် ဦး​စောဟူးဟူးနှင့် ​ကော်မတီဝင်များ၊ ပြည်နယ်နယ်စပ်​ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြား​ရေးမှူး ဦးသန့်စင်နှင့် အဖွဲ့ဝင်များ၊​ ဘောလခဲခရိုင် တည်​ဆောက်​ရေးလုပ်ငန်းများ၏ အရည်အ​သွေးစစ်​ဆေး​ရေး​ကော်မတီဥက္ကဋ္ဌနှင့်​ကော်မတီဝင် များ၊ ဖား​ဆောင်းမြို့နယ် တည်​ဆောက်​ရေးလုပ်ငန်းများ၏ အရည်အ​သွေးစစ်​ဆေး​ရေး ကော်မတီဥက္ကဋ္ဌနှင့်​ကော်မတီဝင်များက ကွင်းဆင်းစစ်​ဆေးခဲ့ကြသည်။
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက နောင်နန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေ ပြည်သူလူထုနှင့် တွေ့ဆုံပြီး တက္ကသိုလ်ကောလိပ်များရှိ ပညာသင်ယူနေသော ကျောင်းသား/သူများအတွက် စားသောက်စရိတ်များ ထောက်ပံ့ပေးအပ်
May 15,2021
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၈ နာရီခွဲက မြစ်ကြီး နားမြို့နယ်၊ နောင်နန်းကျေးရွာအုပ်စုအတွင်း ‌ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပခဲ့ပြီး တက္ကသိုလ် ကောလိပ် များရှိ ပညာသင်ယူနေကြသော ကျောင်းသား/ ကျောင်းသူများအား နေထိုင်စားသောက်မှုအဆင်ပြေစေရေး စားသောက်စရိတ်ထောက်ပံ့မှုများကို ဆောင်ရွက်ပေးခဲ့ကြသည်။
လပွတ္တာမြို့နယ်တွင် Mask Campaign ပြုလုပ်
May 15,2021
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ခရိုင်ပြန်/ဆက်၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ် ဦးစီးဌာနနှင့်တာဝန်ရှိသူများက ကိုဗစ်(၁၉)ရောဂါကူးစက်မှုမရှိစေရန် Mask Campaign နှင့် အသိပညာပေးခြင်းကို ယနေ့ နံနက် ၈ နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့၌ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ကြိုတင်ပြင်ဆင်မှုများ စီစဉ်ဆောင်ရွက်လျက်ရှိ
May 15,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ဒရယ်ဘိုကျေးရွာအပိုင် လေ့ကျင့်ရေးအလယ်တန်းကျောင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံ ကျောင်းများပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်၍ ပညာရေးဝန်ကြီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာန၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာလေမြို့ သစ်တောဦးစီးဌာန ပျိုးဥယာဉ်၌ မိုးရာသီအတွင်း စိုက်ပျိုးရန် သစ်ပင်ပျိုးပင်ပေါင်း ၁၄၀၀၀ ပျိုးထောင်ထားရှိ
May 15,2021
ပြောင်းလဲလာသောရာသီဥတု၏ ပူပြင်း‌ခြောက် သွေ့သည့်ဒဏ် ခံစားရခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် သစ်တေသစ်ပင် စိမ်းလန်းစိုပြည်ရေးနှင့် သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ် စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် တာချီလိတ်ခရိုင်၊ တာလေမြို့ သစ်တောဦးစီးဌာနက အများပြည်သူတို့ မိုးရာသီတွင် သစ်ပင်များစိုက်ပျိုးနိုင်ရန် သစ်တောဦးစီးဌာန ပျိုးဥယျာဉ်အတွင်း သစ်ပင်များကို ပျိုးထောင်‌ ပေးလျက်ရှိသည်။
ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး (၃/၂၀၂၁) ပြုလုပ်ကျင်းပ
May 15,2021
ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီ အစည်းအဝေး (၃/၂၀၂၁)ကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီရုံး အစည်းဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၊ ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။