အိမ်မဲမြို့နယ်တွင် Mask Campaign ပြုလုပ်

 

 

အိမ်မဲ မေ ၁၅

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်မြို့မစျေးကြီးတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကိုဗစ်(၁၉)ရောဂါကူးစက်မှုမရှိစေရန် Mask Campaign နှင့်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုကဲ့သို့ဆောင်ရွက်ရာတွင် မြို့မစျေးကြီးနှင့်စျေးပတ်ဝန်းကျင်တွင် စျေးရောင်းချနေသော စျေးသူ စျေးသားများနှင့် စျေးဝယ်သူများအား ကိုဗစ်(၁၉)ရောဂါကူးစက်မှုမှ ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေးအနေဖြင့် အသိပညာပေးလက်ကမ်းစာစောင်များနှင့် Mask အခု (၅၀၀)တို့ကို ဖြန့်ဝေပေးခဲ့သည့်အပြင် စျေးအတွင်းရောင်းချနေသော ကုန်စုံဆိုင်များမှ အိုင်အိုဒင်းဆားများတွင် အိုင်အိုဒင်းဓာတ် ပါဝင်မှုရှိမရှိတို့ကိုစစ်ဆေးခဲ့ကြောင်းသိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)