မိတ္ထီလာ ၊ မေလ ၁၅
မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာခရိုင်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (မူလ) ရန်ပုံငွေဖြင့် အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ကျေးလက်ရေရှိရေးလုပ်ငန်းများ အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး တာဝန်ရှိသူများမှ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဝမ်းတွင်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(မူလ) ရန်ပုံငွေ ဖြင့် ဖလန်ကျင်းကျေးရွာတွင် ရွှေဂုဏ်ထွန်းကုမ္ပဏီက တာဝန်ယူပြီး ဇန်နဝါရီလ ၁၅ ရက်နေ့မှ စတင်၍ အရှည် (၀/၄)မိုင်၊ အကျယ် ၁၂ ပေရှိ ဖလန်ကျင်း ကျေးလက်ကုန်ထုတ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် အောင်သာကျေးရွာတွင် Royal Steel Palace Co;ltdက တာဝန်ယူပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ အကျယ် ၄ လက်မ ၊ အနက် ပေ ၃၀၀ရှိ စက်ရေးတူးဖော်ခြင်းလုပ်ငန်း၊ ဂါလံ ၂၄၀၀ ဆံ့ ရေစင် တည်ဆောက်ခြင်း၊ ဂါလံ ၅၀၀၀ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း၊ အကျယ် ၁၀ x ၈ x ၈ ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်းနှင့် အရှည် ပေ ၄၀၀၀ ရှိ ၂လက်မ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများကို အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေးအတွက် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့စစ်ဆေးပြီး ၎င်းလုပ်ငန်းများအား တာဝန်ယူ ဆောင် ရွက်လျက်ရှိသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထိုအပြင် မလှိုင်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(မူလ) ရန်ပုံငွေဖြင့် သက္ကယ်ကျင်းကျေးရွာတွင် Hi-Tech Land Co;ltdမှ တာဝန်ယူပြီး ဇန်နဝါရီလ ၁၅ ရက်နေ့က စတင်၍ အရှည် (၂)မိုင်၊ အကျယ် ၁၂ ပေရှိ ဖလန်ကျင်း ကျေးလက်ကုန်ထုတ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် မကျီးကုန်းကျေးရွာတွင် Well Done Engineering Co;ltd က တာဝန်ယူပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်၍ အကျယ် ၄ လက်မ ၊ အနက် ၁၀၅ ပေ ရှိ စက်ရေးတူးဖော်ခြင်းလုပ်ငန်း၊ ဂါလံ ၂၄၀၀ ဆံ့ ရေစင် တည်ဆောက်ခြင်း၊ အကျယ် ၁၀ x ၈ x ၈ ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်းနှင့် အရှည် ပေ ၁၀၅၀ ရှိ ၂လက်မ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများကို မေလ ၁၃ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်