သတင်းများ

မိုင်းတုံမြို့၌  (၂၇) ကြိမ်မြောက် အသံမစဲ အဘိဓမ္မာ (၇) ကျမ်း ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲဆောင်ရွက်
May 16,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့မရပ်ကွက်ရှိ ရွှေစေတီဘုန်းကြီးကျောင်း၌ (၂၇) ကြိမ်မြောက်အသံမစဲ အဘိဓမ္မာ (၇) ကျမ်း ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့  နံနက် (၉)နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရေးမြို့နယ်၊ ရေးမြစ်အနီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း Gabion Box ကျောက်စီမြေထိန်းတမံတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး
May 16,2021
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများတို့သည် ယနေ့နံနက် ၇ နာရီခွဲက ရေးမြို့နယ် ရေး-ထားဝယ်ကားလမ်းတံတားအနီး ရေးမြစ်အနီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း Gabion Box ကျောက်စီမြေထိန်း တမံတည်ဆောက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
တန့်ယန်းမြို့နယ်တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်လှူဒါန်းပွဲကျင်းပ
May 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းခဲ့သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၂) ပါးနှင့် သီလရှင်ဆရာကြီး (၁) ပါးတို့အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် ၂၀၂၀-ပြည့်နှစ် သာသနဓဇဓမ္မာ စရိယဘွဲ့ရ (၂၂) ပါးတို့အား ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်း မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မဟာမြတ်မုနိဘုရားကြီး၌ ကျင်းပသည်။
လင်းခေးတွင် ပန်းခင်းစီမံချက် အိမ်ထောင်စုဇယားများနှင့် နိုင်ငံသားကတ်ပြားများ ထုတ်ပေး သည့် အခမ်းအနားကျင်းပ
May 16,2021
ပန်းခင်းစီမံချက်အရ ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ဝမ်ဟတ် ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများအား အိမ်ထောင်စုဇယားများနှင့် နိုင်ငံသား ကတ်ပြားများ ပေးအပ်သည့် အခမ်းအနားကို ဝမ်ဟတ်တိုက်နယ် ဝမ်ဟတ်ဌာနေပြည်သူ့စစ်ဌာနချုပ်ရှိ ခန်းမ၌ မေ ၁၄ ရက်နေ့နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ကယားပြည်နယ် ထူးချောင်းသဘာဝရေပြင်သို့ ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းဆောင်ရွက်
May 16,2021
ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်နယ်အတွင်း ငါးသယံဇာတများ ထိန်းသိမ်းစေရေး၊ ငါးမျိုး ပြန့်ပွားစေရေး၊ ငါးထုတ်လုပ်မှုတိုးတက်စေရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိစေရေးအတွက် ရည်ရွယ်၍
ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး
May 16,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းကို ယမန့်နေ့ နံနက် ၁၀ နာရီခွဲ၌ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
အိမ်မဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ "ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
May 16,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုထာန (Community Centre) ခန်းမတွင် စာရေးဆရာအောင်သင်း၏ "ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။