ကသာ မေ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၌ ၂၀၂၀ပြည့်နှစ်၊ မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ဝင်ရောက်ဖြေဆိုရာတွင် အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများကို မေလ(၁၁) ရက်နေ့မှစ၍ မြို့နယ်ပညာရေးမှူးရုံးနှင့် သတ်မှတ်ထားသည့် အခြေခံပညာအထက်တန်း ကျောင်းများ တွင် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကသာမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်းကျောင်းခွဲနှင့် ကိုယ်ပိုင် အထက်တန်းကျောင်းပေါင်း (၃၁) ကျောင်းရှိကာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စာစစ်ဌာန (၆) ခုဖြင့် စစ်ဆေးခဲ့သည်။ အဆိုပါစ ာစစ်ဌာနများတွင် ဝင်ရောက်ဖြေဆိုခဲ့ သည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၃၈၄) ဦးရှိပြီး ယင်းစာမေးပွဲအား ဖြေဆိုအောင်မြင်ခဲ့သူ (၁၀၇၄) ဦးအနက်မှ ကျောင်းတွင်းမှ ဝင်ရောက်ဖြေဆိုရာတွင် အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ (၅၂၀) ဦးတို့အား သက်ဆိုင်ရာ စာသင်ကျောင်းအသီးသီးတွင်လည်းကောင်း၊ ကျောင်းပြင်ပမှ ဖြေဆိုရာတွင် အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ (၅၅၄) ဦးတို့အား မြို့နယ် ပညာရေးမှူးရုံးတွင် လည်းကောင်း တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ထုတ်ပေးလျက်ရှိသည်။
အဆိုပါ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို မြို့နယ်ပညာရေးမှူးရုံး၊ မြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်း (၃) ကျောင်း၊ ကျေးရွာများရှိ အ.ထ.က(ကျောက်ထုံးကြီး)၊ အ.ထ.က(အင်းရွာ)နှင့် အ.ထ.က(မိုးတား)ကျောင်းများတွင် မေလ(၁၁)ရက်နေ့မှစတင်၍ နံနက်(၁၀)နာရီမှ မွန်းလွှဲ(၁)နာရီ အချိန်အထိ ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကသာခရိုင်