မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

သဲကုန်း မေ ၁၈    

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်ရှိ ဆင်မြီးဆွဲမြို့မစျေး၊ သဲကုန်းမြို့မစျေးနှင့် မြို့နယ်ပညာရေးမှူး ရုံး၊ ပုတီးကုန်းမြို့မစျေး၊ ဝက်ပုတ်မြို့မစျေးနှင့် အင်းမမြို့မစျေးတို့အား မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး အတွက် ယမန်နေ့က တာဝန်ရှိသူများနှင့် ဈေးကော်မတီဝင်များ ပူးပေါင်း၍ ဈေးအတွင်း / အပြင်တို့အား မီးသုံးစွဲမှု အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဈေးများရှိ ဈေးသူ/ဈေးသားများ ဈေးအတွင်း/အပြင်   မီးသုံးစွဲမှုအခြေအနေ၊ သန့်ရှင်းသာယာ လှပရေး၊ သောက်သုံးရေကောင်းမွန်စွာ ရရှိရေးနှင့်  မီးသတ်ရေလှောင်ကန်များ ထားရှိမှုအခြေအနေ တို့အား ပြည်ခရိုင်မီးသတ် ဦးစီးမှူး ဦးအေးကျော်ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရန်မျိုးအောင်နှင့်အဖွဲ့ လိုက်ပါလျက် မြို့နယ်စည်ပင် သာယာရေးကော်မတီဝင်များနှင့်  ဈေးကော်မတီဝင်များ ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သဲကုန်း ပြန်/ဆက်