ကော့မှူး မေ ၁၈
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား တစ်ပြိုင်နက် တည်း ဖွင့်လှစ်မည်ဖြစ်ရာ မေလ (၂၄)ရက်နေ့မှ စတင်ပြီး ကျောင်းအပ်လက်ခံခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနထံမှ သိရသည်။
ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နဲ့အညီ လာမည့် မေလ(၂၄)ရက်နေ့မှ စတင်ပြီး ကျောင်းအပ်နှံခြင်းလုပ်ငန်းတွေကို ကော့မှူးမြို့နယ်အတွင်းက သက်ဆိုင်ရာ ကျောင်းအလိုက် လက်ခံဆောင်ရွက်ပေးမှာဖြစ်ပါတယ်၊ ကျောင်းအပ်နှံသည့်အခါ အခကြေး ငွေတစ်စုံတစ်ရာ ကောက်ခံမှုမရှိကြောင်း၊ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်/ခဲတံ၊ Maske နှင့် Face Shield စသည့် ပစည်းတွေကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးမှာဖြစ်ပါတယ်၊ ကျောင်းသားမိဘ အုပ်ထိန်းသူတွေ အနေဖြင့် ကျောင်းအပ်နှံရေး သီတင်းပတ်မှာ မိမိတို့ရဲ့ရင်သွေးငယ် တွေကို သက်ဆိုင်ရာ နယ်မြေအလိုက် ကျောင်းတွေမှာ သွားရောက်အပ်နှံပေးကြပါလို့ မြို့နယ်ပညာ ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုသို့ ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း(KG)သို့ လည်းကောင်း၊ (၆)နှစ် အရွယ် ကလေးများကို ပထမတန်း(Grade-1)သို့လည်းကောင်း အပ်နှံရမည်ဖြစ်ကာ ကိုဗစ်(၁၉) စည်းကမ်းချက်များနှင့် အညီ အခြေခံပညာကျောင်းများကို ဖွင့်လှစ်သွားမည်ဖြစ်ရာ ကော့မှူးမြို့နယ်အတွင်း အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘကကျောင်း စုစုပေါင်း (၁၃၀)ကျော် ရှိကြောင်း သိရှိရသည်။
မောင်အေးချမ်း