ရန်ကုန် မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်၊ ရပ်ကွက်လုံးဆိုင်ရာ၊ နိဗ္ဗာနမဂ္ဂကာရီ နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံကြီးတွင် ကိန်းဝပ်စံပါယ်တော်မူတော်သော နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးများနှင့် ဗုဒ္ဓရုပ်ပွါးတော်မြတ်များအား၊ ဗုဒ္ဓဘိသေက အနေကဇာတင် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါ ဓမ္မာရုံကြီး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခြောက်ထပ်ကြီးကျောင်းတိုက်၊ ဝိမုတ္တိသုခကျောင်းတိုက် ဆရာတော်ဦးဆောင်သော ဆရာတော်၊ သံဃာအရှင်သူမြတ်များက ဗုဒ္ဓဘိသေကအနေကဇာတင် ပူဇော်ကြသည်။
အဆိုပါ အခမ်းအနားသို့ ဓမ္မာရုံနာယကကြီး ဒေါက်တာဦးကျော်စိန် အမှူးပြုသော နာယကများ၊ ဓမ္မာရုံဥက္ကဋ္ဌ ဦးကိုကိုလေး(ရန်ကင်းကိုကိုလေး)၊ (ဗဟန်းမြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ)နှင့် အမှုဆောင်များ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြည်ညိုကြသည်။
ယင်းဓမ္မာရုံကြီးသည်၊ ကိုဗစ်-၁၉ ရောဂါ အခြေအနေများကြောင့် တစ်နှစ်ကျော်ကြာ ခေတ္တယာယီ ပိတ်ထားခဲ့ရာမှ ယနေ့နံနက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လမ်းညွှန်ချက်များနှင့်အညီ၊ မြတ်စွာဘုရားနှင့် ရုပ်ပွါးတော်မြတ်များအား ဗုဒ္ဓဘိသေကအနေကဇာတင် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)