မြောက်ဦး မေ ၁၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဝန်ထမ်း များပူးပေါင်း၍ ယမန်နေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များနှင့်ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး ခြင်ကိုက်ခံရမှုကြောင့်ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ပိုးလောက် လန်းသေ (အဘိတ်) ဆေးခတ်ခြင်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ရောဂါသည် ခြင်ကိုက်ခံရခြင်းကြောင့် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှုအများဆုံး ကာလဖြစ်သည့် မိုးဦးရာသီသို့ရောက်ရှိရန်နီးကပ်လာပြီဖြစ်သဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့်ကြက်ခြေနီ တပ်ဖွဲ့ဝင်များပူးပေါင်းပါဝင်သောအဖွဲ့မှ မြို့နယ်ပေါ်ရပ်ကွက်များဖြစ်သည့် အောင်မင်္ဂလာရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ အောင်တပ်ရပ်ကွက်နှင့်ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး ရေလှောင်ကန်များ၊ ရေတွင်းရေကန်များထဲသို့ (အဘိတ်)ဆေးများအား တစ်အိမ်တက်ဆင်း သွားရောက် ခတ်ပေးကာ ဘုရားစင်ပေါ်ရှိ ညောင်ရေအိုးများ၊ ပန်းအိုးများတွင်လည်း ပိုးလောက်လန်းများမကျရောက် စေရန်အတွက် ဖုန်း၊ သွန်လှဲ၊ စစ် စနစ်ဖြင့် တစ်ပတ်လျှင်(၁)ကြိမ်ကျသွားရောက်ပြီး သွေးလွန်တုတ်ကွေး ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းများပြုလုပ်ဆောင်ရွက်ပေးလျှက်ရှိ ကြောင်းသိရှိ ရသည်။
ခင်မောင်ထွန်း