ဆီဆိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

 

 

ဆီဆိုင်      မေ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြကန်သာရပ်ကွက်အတွင်းရှိ အရိယာမဂ္ဂင် မြို့လယ်ဓမ္မာရုံ၌ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။  

ထို့သို့ဆောင်ရွက်ရာတွင်           အမှတ်(၄၂၃)ခြေမြန်တပ်ရင်းမှ ဒေါက်တာစိုးရဲနောင်နှင့် ကျန်းမာရေးဆရာမ တို့က ဌာနဆိုင်ရာဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

           

ခွန်ရဲထွေး(ဆီဆိုင်)