ချင်းရွှေဟော်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေဆောင်ရွက်

 

 

ချင်းရွှေဟော်  မေ    ၂၈

 

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  လောက်ကိုင်မြို့နယ်၊  ချင်းရွှေဟော်မြို့အတွင်း သွားလာနေကြသည့် ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်း(Mask)များ  အခမဲ့ဖြန့်ဝေခြင်းကို   ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ချင်းရွှေဟော်မြို့၊  အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံးရှေ့၊ မြို့လယ်လမ်းဆုံ၌ ပြုလုပ် ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ပြုလုပ်ဆောင်ရွက်ရာတွင် ချင်းရွှေဟော်မြို့ ၊ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ချင်းရွှေဟော်မြို့အတွင်း ဖြတ်သန်းသွားလာ နေကြသည့် အများပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ  တိတိကျကျ လိုက်နာနေထိုင်သွားလာရန်နှင့် မဖြစ်မနေ  နေအိမ်ပြင်ပသို့ထွက်ခွာပါက  နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာနိုင်ရေး တို့ကို အသိပညာပေး ပြောကြားခဲ့ပြီး   နှာခေါင်းစည်း(Mask)များ  တပ်ဆင်ထားခြင်းမရှိသည့် ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်၊ ပြန်/ဆက်