သတင်းများ

ဂွမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်း စစ်ဆေးခြင်းနှင့် မြေစိုက်ပိုစတာ စိုက်ထူခြင်းများ ဆောင်ရွက်
May 22,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် ပြည်သူများ မီးဘေးအန္တရာယ်အသိ၊ သတိရှိစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးဘေးအန္တရာယ် ကြိုတင်တားဆီး ကာကွယ်ရေး ကွင်းဆင်း ဆောင်ရွက်ခြင်းနှင့် မြေစိုက်ပိုစတာ စိုက်ထူခြင်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ သွားရောက်ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခြင်းနှင့် လူစည်ကားရာ နေရာများတွင် မီးဘေးအန္တရာယ် ကင်းရှင်းစေရေး မြေစိုက်ပိုစတာ စိုက်ထူဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင် ဆောင်ရွက်
May 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားခြင်းကြောင့် အခြေခံပညာကျောင်းများကို ယာယီပိတ်ထားခဲ့ရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်(၃)လုံးအတွက် ထောက်ပံ့ငွေပေးအပ်
May 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၌ မေလ(၁၈)ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်(၃)လုံးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
May 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့နံနက် ၁၀ နာရီက ကျတီကျေးရွာအုပ်စုသို့ သွားရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိုနှိုင်းအစည်းအဝေး ကျွန်းစုမြို့၌ ကျင်းပ
May 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်း ညှိုနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
သာယာဝတီမြို့နယ် သုံးဆယ်မြို့ အောင်မင်္ဂလာကွက်သစ်(၁)နှင့်(၂) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာခိုင်နှုန်းပြည့် ပြီးစီး
May 21,2021
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် မေသက်နွယ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် သာာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ဘုရားကြီးလမ်းရပ်ကွက်၊ အောင်မင်္ဂလာကွက်သစ်(၁)လမ်း ကွန်ကရစ်ခင်းခြင်း၊ အရှည် ၄၃၅ ပေ၊ အကျယ် ၁၀ ပေ ၊ ထု ၆ လက်မ ကုန်ကျငွေကျပ် (၈.၆၁၃) သန်း၊ အရှေ့သပြေကုန်းရပ်ကွက်၊အောင်မင်္ဂလာကွက်သစ်လမ်း(၂)၊အရှည် ၃၆၅ပေ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မ ကုန်ကျငွေကျပ် (၇.၂၂၇)သန်း၊ စုစုပေါင်းကုန်ကျငွေကျပ် ၁၅.၈၄ သန်းဖြစ်ပြီး ရာခိုင်နူန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်း ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့်တွေ့ဆုံ
May 21,2021
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ် ဥပဒေချုပ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများတွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းက ပြည်နယ်ပညာရေး မှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ
May 21,2021
ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလားအသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ(၁၅:၃၀)နာရီအချိန်က ပဲခူးမြို့ဟံသာဝတီယူနိုက်တက် အားကစားကွင်း ကျင်းပပြုလုပ်သည်။