(၁ဝ၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်အောင်ပွဲ အထိမ်းအမှတ် ဆွမ်းဆန်တော် လောင်းလှူ

 မလှိုင်  မေ ၂၇

မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့ရွှေမုဋ္ဌောဘုရား ဘဏ္ဍာတော်ထိမ်း ဂေါပကအဖွဲ့ က ကြီးမှူး၍ (၁ဝ၂) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်အောင်ပွဲ အထိမ်းအမှတ် သံဃဒါန ဆွမ်းဆန်တော် လောင်းလှူပွဲကို ယမန်နေ့ ညနေ ၄ နာရီက ဘုရားကြီး၏ မြောက်ဖက်အာရုံခံတန်ဆောင်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည် ။

ရှေးဦးစွာ မိုးကောင်းကျောင်းဆရာတော် ဘဒ္ဒန္တကဿပထံမှ ငါးပါးသီလခံယူပြီး ဆွမ်းဆန်တော် ရေ စက်ချတရားနာယူကာ အမျှအတန်းများပေးဝေခဲ့သည်။ ထို့နောက် သက်တော်ရှည် ဆရာတော်(၁၃)ပါးနှင့်ပင့် သံဃာတော်(၄၇၅)ပါးတို့အား ဆွမ်းဆန်တော်(၄၇၅)တင်း၊ ဆီ(၁၅၉) ပိသာ၊ ကုလားပဲဆန်(၁၈၁) ပိသာ အပါအဝင် ဝတ္ထုငွေနှင့် အခြားလှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 အဆိုပါ ဆွမ်းဆန်တော်လောင်းလှူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင် များဖြစ်ကြသော ဗိုလ်မှူးဌေးသန်း ၊ ဦးကျော်ငြိမ်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင်ကျော်လွင် ၊ ရွှေမု ဋ္ဌောဘုရား ဘဏ္ဍာတော် ထိမ်းဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသက်တင်နှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ တက်ရောက် လောင်းလှူခဲ့ကြ ကြောင်းသိရသည် ။   

အောင်ဌေး(မလှိုင်)