ချင်းပြည်နယ်၊ ဖလမ်းမြို့ ၌၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းများအပ်နှံ

ဖလမ်း      မေ    ၂၇

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်း ကျောင်းနှင့် မူလတန်းကျောင်းများ အသီးသီးတွင် ၂၀၂၁-၂၀၂၂  ပညာသင်နှစ်၊ ကျောင်းအပ်နှံမှု ရက်သတ္တပတ်ကာလ မေလ ၂၄ ရက်နေ့မှစ၍ ကျောင်းများအပ်နှံလျက်ရှိရာ မေလ၂၆ ရက်နေ့အထိ မူလတန်းအဆင့်(၄၂၄)ဦး၊ အလယ်တန်းအဆင့်(၂၁၇)ဦး၊ အထက်တန်းအဆင့် (၆၉)ဦး ကျောင်းအပ်နှံပြီး ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ထိုသို့ကျောင်းအပ်နှံရာတွင် Covid-19​ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာတွင် ရပ်စေခြင်း၊ ပါးစပ်နှာခေါင်းစည်း (Mask) တပ်ဆင်စေခြင်းနှင့် လက်ဆေးရည်ဖြင့် လက်ဆေးစေခြင်းများဆောင်ရွက်စေလျက်ရှိပါသည်

ဖလမ်းမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၁၆)ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ (၁၅)ကျောင်း၊ တွဲဖက်အခြေခံပညာအထက်တန်းကျောင်း(၁)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၂၀)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၈)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း( ၃၀)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၈၀) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းခွဲ (၁)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂)ကျောင်း၊ စုစုပေါင်း (၁၈၁)ကျောင်း ရှိကြောင်းသိရသည်။

ခရိုင် ပြန်/ဆက်