မင်္ဂလာဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် အိမ်ထောင်စု လူဦးရေ စာရင်းများ ထုတ်ပေး

 

မင်္ဂလာဒုံ      မေ     ၂၇

ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊မင်္ဂလာဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံး လဝကမှူး ဦးကျော်မျိုးထွန်းနှင့် အဖွဲ့က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများကို မေ ၂၅ ရက်နေ့ မွန်းလွဲ ၁နာရီက မင်္ဂလာဒုံမြို့နယ် အမှတ်() ဆက်သွယ်ရေး အလုပ်ရုံတပ်၏ စစ်သည်၊ ရဲမေ၊ မှီခိုသူမိသားစုဝင်များကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ပေးရာတွင် အိမ်ထောင်စု(၁၂)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား‌‌ ပျောက်ပျက် ၊၁၈နှစ်လဲ၊၁၀နှစ် ပြည့်လုပ်(၃၈)ဦး တို့ကိုဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါပန်းခင်းစီမံချက်ကို ဆောင်ရွက်ရာတွင် အသက်(၁၆)နှစ်မှ(၁၈)နှစ်အထက်ရှိသူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ဆောင်ရွက် ပေးသွား မည်ဟုသိရသည်။

မျိုးသန့်(ပြန်/ဆက်)