ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့ အခြေခံပညာကျောင်း၌ ကျောင်းအပ်နှံရေး သီတင်းပတ်စတင်

ရိခေါ်ဒါရ် မေ ၂၇

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ရရှိစေရေး အတွက် မေလ(၂၄)ရက်နေ့ မှစတင်၍ ရိခေါ်ဒါရ်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းတွင်   ကျောင်းအပ် လက်ခံခြင်းကို  စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်နှံရာတွင်လည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး စည်းမျဉ်း စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက် လျက်ရှိသည့်အပြင် အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် မေလ(၂၆)ရက်နေ့အထိ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၄ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၃ ဦး၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၉ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၅၆ ဦး အပ်နှံလက်ခံ ထားခဲ့ကြောင်း၊ ကျောင်းသား ကျောင်းအပ်လက်ခံခြင်းကို မေလ ၃၁ ရက်နေ့အထိ ကျောင်းအပ် လက်ခံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လာလ်ပက်လောမ်