မိုးနဲမြို့ ကံ့ကော်လမ်း လမ်းသားချဲ့ခြင်းနှင့် ရေစီးရေလာကောင်းမွန်ရေး အုတ်ရေမြောင်းတူးဖော်

မိုးနဲ  မေ  ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ကံ့ကော်လမ်းအား လမ်းသား ချဲ့ထွင်ခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး အတွက် အုတ်ရေမြောင်း တူးဖော်ပေးခြင်းကို မိုးနဲမြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် လျာထားရန်ပုံငွေမှ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန၏ ထောက်ပံ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးလျက် ရှိကြောင်း   သိရသည်။

အဆိုလမ်းကို မူလအရှည် ၅၈၅ ပေအား အကျယ် ၁၂ ပေမှ ၁၈ ပေ လမ်းသားချဲ့ထွင် ကတ္တရာခင်းခြင်း ၊ လမ်းဘေးဝဲ/ယာ ရေစီးရေလာကောင်းမွန်ရေးအတွက် အုတ်ရေမြောင်း အရှည် ၅၄၅ ပေ ရေမြောင်းနှစ်ခုကို အနက်နှစ်ပေ၊ အကျယ်နှစ်ပေ ‌ဆောင်ရွက်ခြင်းနှင့် လမ်းဖြတ်တံတာ အရှည် ၁၅ ပေ၊ အနက်နှစ်ပေ တံတားနှစ်စင်းအပါအဝင် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန၏ ထောက်ပံ့ငွေကျပ် (၄၁၃) သိန်းဖြင့် မြို့နယ်စည်ပင်သာယာရေးဌာနက ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

 မျိုးညွန့်ရွှေ (မိုးနဲ)