တာလေ မေ ၂၇
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တာလေမြို့ရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်ရေး ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများကို မေ ၂၄ ရက်မှ စတင်၍ နေ့စဉ်နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီအထိ ကျောင်းအပ်နှံခြင်းများ လက်ခံ ဆောင်ရွက်ပေးလျက်ရှိပြီး စတုတ္ထနေ့အဖြစ် ယနေ့တွင်လည်း အခြေခံပညာကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျောင်းအပ်နှံခြင်းနှင့် လက်ခံခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
တာလေမြို့တွင်“၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက်အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်ရေး ဒေသအတွင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းစသည့် အခြေခံပညာကျောင်းများ ရှိ အတန်းစုံ ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံလာစဉ် ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးသည့် ကျောင်းသုံးစာရေးကိရိယာများနှင့် ကျန်းမာရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကိုလည်း အခမဲ့ ထောက်ပံ့ပေးပြီး ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်လာရောက်ရာတွင် ကျောင်းအုပ်ဆရာကြီးမှ အနီး ကပ်စီမံကြီးကြပ်မှုဖြင့် ဆရာ/ဆရာမများက ကျောင်းအပ်လက်ခံခြင်းများ စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်းလည်း” သိရသည်။
တာလေ(ပြန် / ဆက်)