ကျိုက်ဒုံမြို့တွင် ဝဥများစတင်စိုက်ပျိုးလျက်ရှိ

ကျိုက်ဒုံ မေ ၂၇

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့နယ်ကျေးရွာများတွင် ယခုနှစ် မိုးဦးကျကာလတွင် ဝဥများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

ဝဥပင်များကို ကျိုက်ဒုံမြို့နယ်အတွင်းရှိ တောတောင်များတွင် သဘာဝအတိုင်း ရှင်သန် ပေါက်ရောက်လေ့ရှိပြီး ကျေးရွာနေ တောင်သူများက ရှာ‌ဖွေတူးယူပြီး ပျိုးပင်တစ်ပင်လျှင် ငွေ(၅၀) ကျပ်ဖြင့် ပြန်လည်ရောင်းချကြောင်း သိရသည်။ စိုက်ပျိုးတောင်သူများသည် မိမိ၏လယ်ယာအိမ်ခြံ ဥယျာဉ်အတွင်း၌ စနစ်တကျ ပြန်လည်စိုက်ပျိုးလာကြပြီး နှစ်စဉ် ပုံမှန်ဝင်ငွေများ ရရှိလာကြသည်။

မြေဆီလွှာမကောင်းမွန်သော စိုက်ပျိုးမြေနေရာများတွင် ဘိလပ်မြေအိတ်အခွံလွတ်ကိုအသုံးပြုပြီး မြေဆွေးနှင့် မြေဩဇာများထည့်သွင်းပြီး စိုက်ပျိုးမှုများရှိလာကြောင်း သိရသည်။

ယခင်နှစ်က ဝဥတစ်ပိဿာလျှင် ငွေကျပ်(၁၅၀၀)ကျပ်ခန့်ရရှိပြီး ယခုချိန်စိုက်ပျိုးရာသီတွင် ဝဥမျိုး  ဥများမှာ တစ်တင်းလျှင် ငွေကျပ် ငါးသောင်းကျပ်ခန့် ဈေးနှုန်းရှိကြောင်း သိရသည်။

ကျိုက်ဒုံ(ပြန်/ဆက်)