ဟိုပုံးမြို့နယ်၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

 

                                                 ဟိုပုံး               မေ                   ၂၈

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံညာ အထက်တန်း ၊ အလယ်တန်းနှင့် မူလတန်းကျောင်းသား/ကျောင်းသူများအား မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း အထက(၁) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခွန်ရဲထွေးမှ အဖွင့်အမှာ စကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်လွင်မှ ထပ်ဆင့်အမှာစကားပြောကြားရာ၌ ကျောင်း လာရောက်အပ်နှံသည့် ကျောင်းသား ၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လက်ဆေးဘေစင်များ ၊ အပူချိန်တိုင်း ကိရိယာများကို ကျောင်းတိုင်းတွင် ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း ၊  ကျောင်းသား/သူများအား တက်ရောက် မည့် အတန်းအလိုက် ပြဋ္ဌာန်းစာအုပ်များ ၊ ဗလာစာအုပ်များ ၊ ဘောပင် ၊ ခဲတံ ၊ Face Shield နှင့် ပြန်လည် လျှော်ဖွတ်နိုင်သည့် Mask များကို(အခမဲ့)ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ကျောင်းသားမိဘများအနေဖြင့် ကျောင်းအပ်နှံရေးတွင် ပူးပေါင်းပါဝင်စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ အလှူငွေနှင့် ကျောင်းသုံးပစ္စည်းများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခွန်ရဲထွေး ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးမြင့်ထွန်း ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ အလှူငွေများပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့မှ လက်ခံရယူခဲ့ကြောင်းနှင့် ကျောင်းအပ်နှံမှုအခြေအနေကို လိုက်လံကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။

 

နန်းခမ်းခြူး(ဟိုပုံး)