ကျိုက်မရောမြို့နယ်တွင် အသက်တစ်နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ကျိုက်မရော   ဇွန်   ၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကိုယနေ့နံနက် ၉ နာရီက အောင်သုခရပ်ကွက်ကျန်းမာရေးဆေးခန်း ၌ပြုလုပ်သည်။

အဆိုပါပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်အသက် တစ်နှစ် အောက်ကလေးများအား အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်အဆုတ်ရောင် ရောဂါဝမ်းပျက်ဝမ်းလျှော ရောဂါ စသည့် ငါးမျိုးစပ် ကာကွယ်ဆေးများကို အသက်အရွယ် အလိုက် ပုံမှန် ထိုးနှံပေးလျက်ရှိပြီး မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာ အုပ်စုများတွင်လည်း စုရပ်နေရာများသတ်မှတ် ကာသက်ဆိုင်ရာနယ်မြေခံ ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်း ၍ထိုးနှံပေးလျက်ရှိပြီးကိုယ်ဝန်ဆောင်မိခင် များ၏ ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကိုပါ ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်းအောင်သုခရပ်ကွက်ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဘက်စုံသားဖွားဆရာမ ဒေါ်နီနီအေး ထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး